ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, June 11, 2013

ကောင်မလေးဖတ်ဖို့


ကောင်မလေးရေ
ငါ့ နင့် အကြောင်းတွေ မေးနေတာတွေက
နင် အဆင်မှပြေရဲ့လား နေမှကောင်းရဲ့လား
စေတနာ စိတ်လေးတွေနဲ့ မေးတာပါဟာ

ကောင်မလေးရေ
နင် ပြောရက်တယ်နော် ငါ့ မကောင်းကြောင်းတွေ
နင် ငါ ကိုယ်မျက်နှာချင်းဆိုင်ပြောရဲလို့လားဟာ
သစ္စာမရှိတာက နင် လား ငါ လား

ကောင်မလေးရေ
ဘာတဲ့ အပြောကောင်းလွန်းလို့
စိတ်ကစားပြီး ချစ်မိတာတဲ့
စကားတွေမပြောချင်လို့ ပုန်းနေတဲ့ ငါ ဘဝထဲကို
အချစ်တွေနဲ့ ဝင်လာခဲ့တာက နင် ပါဟာ

ကောင်မလေးရေ
စိတ်ကစားလို့ အပျော်ဆိုလည်း
နင့် အဲလောက် မပေးဆပ်ခဲ့နဲ့လေ
ခုတော့ ငါ မှ မရွှင်အသည်းနာလိုက်တာဟာ

ကောင်းမလေးရေ
နင့် အားနည်းချက်တဲ့ ဟုတ်လားဟင်
လူတိုင်းကို ချစ်တယ်လို့ပြောတယ်ဆိုတာလေ
မမိုက်ချင်ပါနဲ့ ကောင်မလေးရယ်
ကျားသနားမှ နွားချမ်းသာမှာပါ

ကောင်မလေးရေ
နင့် အပေါ် ငါ ပေးဆပ်ခဲ့တာတွေက
အဖြူထည် သန့်သန့်လေးတွေပါ
နင် ကာလာ တွေ မဆိုးချင်ပါနဲ့နော်
ငါ ရေမြွေလိုပဲ နေပါရစေဟာ
ငန်းဇောင်းလို့ အငြိုးကြီးတာ နင် အသိဆုံးပါလေ

ကောင်မလေးရေ
နင် ဘာမှ ထပ်မပြောပါနဲ့တော့နော်
တောင်းပန်ပါတယ် နင့် ဆီပါသွားတဲ့
ငါ့ နှလုံးသားလေး ငါ့ ထံပြန်မရောက်သရွေ့
အေးအေးဆေးဆေးလေးပဲ လွမ်းနေပါရစေ
မာနအပူတွေ လာမစွပါနဲ့ ကောင်မလေးရယ်
နင် နဲ ငါ ဘာလည်းဆိုတာ နင် အသိဆုံးမို့
မေတ္တာတွေ မစူးအောင်သာ
ခပ်ဝေးဝေးမှ ငါ ဆုတွေတောင်းပေးနေမယ်
နင် ထာဝရ ပျော်ရွှင်ပါစေပေါ့ .....


No comments:

Post a Comment