ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, June 26, 2013

အလိုရှိသည်

Photo: အလိုရှိသည်
*********

ဒီမယ် ဒီမယ်
ကောင်မလေးရေ 

နှလုံးသားဝယ် ကျွန်းခံလေတော့
လူတစ်ကာလို ချစ်ကံမကောင်း
အဖော်ကမဲ့ အသက်ကကြီး
အော်
မပျက်စီးသေးပါဘူး နော်

အထီးကျန်လို့ အကျည်းတန်တယ်ပဲဆိုဆို
အနှစ်မပါ သစ္စာမတည်
တစ်မင်တစ်ကာ လှည့်စားလို့တော့
မကြင်နာ တစ်မင်ခွာမဲ့
မာယာတွေဆို ဝင်ဝင်မလာနဲ့

မေတ္တာသာမှန် သစ္စာသာရှိ
ရဲ့ဝံ့စွာ လှမ်းလာစမ်းဗျာ
ကျုပ် 
ရင်ခွင်နန်းက ဖွင့်လိုကြိုမယ်
နှလုံးသားက လမ်းပါခင်းပေးမယ်ဗျာ
အချစ်စစ်လေးတော့ ဖြစ်ဖို့လိုမယ်နော်ကွယ်
ကောင်မလေးရယ် ......
*******************

(ချစ်ရသူလှိုင်မင်း)

*********

ဒီမယ် ဒီမယ်
ကောင်မလေးရေ

နှလုံးသားဝယ် ကျွန်းခံလေတော့
လူတစ်ကာလို ချစ်ကံမကောင်း
အဖော်ကမဲ့ အသက်ကကြီး
အော်
မပျက်စီးသေးပါဘူး နော်

အထီးကျန်လို့ အကျည်းတန်တယ်ပဲဆိုဆို
အနှစ်မပါ သစ္စာမတည်
တစ်မင်တစ်ကာ လှည့်စားလို့တော့
မကြင်နာ တစ်မင်ခွာမဲ့
မာယာတွေဆို ဝင်ဝင်မလာနဲ့

မေတ္တာသာမှန် သစ္စာသာရှိ
ရဲ့ဝံ့စွာ လှမ်းလာစမ်းဗျာ
ကျုပ်
ရင်ခွင်နန်းက ဖွင့်လိုကြိုမယ်
နှလုံးသားက လမ်းပါခင်းပေးမယ်ဗျာ
အချစ်စစ်လေးတော့ ဖြစ်ဖို့လိုမယ်နော်ကွယ်
ကောင်မလေးရယ် ......
*******************

No comments:

Post a Comment