ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, June 11, 2013

^*^ "နင်"ချိုမြိန်စွာ စားသုံးပါတော့ ^*^


တစ်သက်တာ ထာဝရရယ်လို့
တစ်ဘဝစာ မျှော်လင့်ချက်ထားမိသူကိုမှ
ဘာလို့များ ရက်စက်ခြင်းတွေ
ပေးခြင်ခဲ့ရတာလည်း ချစ်သူရယ် ~~~

"နင့်"ရဲ့မာယာမပါတဲ့ ချစ်ခြင်းတွေမှာ
"ငါ"ယုံကြည်စွာ ပျော်ဝင်ခဲ့ဖူးတာပေါ့
တက်မက်မှုမပါတဲ့ ချစ်ခြင်းမေတ္တာကို
မျှော်လင့်မိသူ "ငါ"ကတော့ ခုလေ
အတောင်ကျိုးတဲ့ ငှက်တစ်ကောင်လိုလို
"တက်"မရှိပဲ လှော်ရမယ့်လှေတစ်စင်းလို
"ငါ"ကြုံခဲ့ ဖြစ်ခဲ့ရတာတွေကိုတော့
ဘယ်သူမြင် ဘယ်သူသိပါမလည်း
ချစ် သူ ရယ် ....

အရင်က "ငါ့"ကောင်းကင်ဟာ
"နင်"ဆိုတဲ့ တိမ်စိုင်လေးကြောင့်
ကြည်ကြည်လင်လင်ပေါ့ ခုများ
မကြင်နာမုန်းဆိပ်တွေ သုံးတဲ့"နင့်"ကြောင့်
ဒီရင်မှာ "ကြယ်"လည်းမလင်း "လမင်း"မသာ
"ငါ့"ကောင်းကင်ဟာ မှိုင်းညို့သွားခဲ့ပြီလေ
ပျော်ပါစေ ချစ်သူရေ
"နင်"ဘာလုပ်လုပ် အဟုတ်ထင်ခဲ့သူဆိုတော့
"နင်"ရက်စက်တာကို ရက်စက်တယ်လို့
ငြိုငြင်စွာ မပြောရက်တော့ပါဘူး
"နင်"ကိုချစ်တဲ့ စိတ်တစ်ခုတည်းနဲ့
မျှော်လင့်ရင်း
အရူံးများနှင့် "ငါ့"နှလုံးသားအား
"နင်"ချိုမြိန်စွာ စားသုံးပါတော့
"ငါ့"ကိုမချစ်တဲ့ "ငါ့"ချစ်သူရယ် ^*^
 
 

No comments:

Post a Comment