ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, June 26, 2013

^!^ အလွမ်းများနှင့် လူ ^!^


 
ချစ်သူရေ
မကြင်နာအမုန်း မြှားဆိပ်တွေသုံးရင်း
လွမ်းရအောင်လို့ နင် ကြံဆောင်ပြီပေါ့
ငါ့ အသည်းကွဲမှ နင် ပျော်မယ်ဆို
အသည်းကြွေကြ အလွမ်းမြေခပါစေလေ
နင် ပေးခဲ့တဲ့ အလွမ်းဝေဒနာကို
လွမ်းကဗျာတွေနဲ့ လွမ်းတေးငြီးရင်း
မဖြေသာ ရင်မှာကျွမ်းတဲ့ 
ဒီဒဏ်ရာတွေက ဘယ်အခါမှ 
နွမ်းချောက်ပါမလည်း ချစ်သူရယ် .....


ချစ်သူရေ
ရေပေါ်မှာ အရုပ်ရေးသလို
မေ့ဖို့ကတော့ မလွယ်သေးဘူးလေ
ဘဝအဖော်ဆိုပြီး ခဏအပျော်ချစ်
မဟုတ်ခဲ့တော့ စိုးသားလားကွယ်
စိတ်ကူးထဲမှာလည်း အလွမ်း
ညများစွာမှာလည်း အလွမ်း
မနက်ဖြန်တိုင်းမှာလည်း အလွမ်း
အလွမ်း အလွမ်း တွေကြီးပါလား ချစ်သူရယ် .....


ချစ်သူရေ
နင် မချစ်တဲ့ ငါ က
ငါ့ အရမ်းချစ်တဲ့ နင့် ကို
ကျေးဇူးတွေ အထူးတင်မိပါရဲ့
ကဗျာမရေးတက်တဲ့ ငါ က နင့်ကြောင့်
ကဗျာတွေခြွေလို့ အလင်္ကာတွေစာဆင့်
အတွေးပုံရိပ်တွေက တလွင့်လွင့်ရယ်ပါလေ


ချစ်သူရေ
ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ပေါ့လေ
နင် နမ်းခဲ့တဲ့ ပါး တစ်ခြမ်းရယ် 
ငါ နမ်းခဲ့တဲ့ ပါးတစ်ခြမ်းရယ်က
မွှေးဆဲ အနံမပျယ် ဆဲ သင့်ပျံဆဲ
အလွမ်းနဲ့မှ အကျိုးပေးတဲ့ 
ယောင်ချာချာ ငါ့ ကမ္ဘာမှာ
အလွမ်းဘဏ်လေးဖွင့်လို့ ချစ်သံသရာဝယ်
မျှော်လင့်စောင့်စားရင်း နင် ထားခဲ့တဲ့ 
အလွမ်းများနှင့် လူ သား ပါ ချစ်သူရယ် ...... 

No comments:

Post a Comment