ကြီးရင်လည်း မှီ ငယ်ရင်ချီတဲ့
သက်ကြီးစကား သက်ငယ်လည်းကြား
နေ့နေ့ချင်းထပ် အလွန်မြတ်ဟု
ဟောဖော်ညွှန်ကြား စာစကားနဲ့
မသိလိုတော့ မေးချင်မိတယ်
ဗေဒင်ကဝိ အိုပညာရှိ
နေချင်းထပ်လို့ မြတ်တယ်ဆိုရင်
အသက်တစ်မျှ ချစ်ဦးသူက
ရင်ကိုခွဲလို အသည်းပါယူတော့
အို
ကျုပ်မှာတော့ အသည်းတွေသာကွဲ
ဖော်မပါတစ်ကိုယ်တည်း ဟပ်တပ်ကြီးပါပဲ
ကဲ ကဲ ဘယ်လိုတုန်းဗျ
ဗေဒင်ကဝိ အိုပညာရှိတို့ရ
No comments:
Post a Comment