ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, June 16, 2013

လဲ သေ လိုက်

နွားကွဲရင် ကျားဆွဲမယ်
ကျားသနားရင် နွားချမ်းသာမယ်
ဒီမှာမအဝှာ ခင်ဗျာ
လာလာအော်မနေနဲ့

အနေတက်လို့ သေတက်အောင်ပဲလုပ်
ရေကြည်အနောက် ခြေရာဖျောက်တော့
သွား ခပ်ဝေးဝေး တဏှာအမှောင်ဖုံး
မာယာတွေ ငါအကြောက်ဆုံး

ရေနစ်သူ ဝါးကူမထိုးဘူး
နင် လည်းရင်ထူပေးဖို့
ငါ့လက်တစ်စုံတော့
ရှိသေးပါရဲ့ ကျန်သေးပါရဲ့
နှလုံးသားတော့ ပါသွားလေပြီ
ရှင်းတယ်နော် လာလာမစနဲ့
ပြာကြသွားမယ်
ရှက်တက်ရင် လဲသေလိုက်တော့


 

No comments:

Post a Comment