ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, June 30, 2013

ညို


ညို
*******

မှိုင်းညို့ညို့ရယ်
ပြာရီဝေလို့
ဝလာဗွေစိုင်း
ရှစ်ခွင်းတိုင်းမှာ
မျက်ဝန်းရယ်ညို့
မျက်ရည်စို့ကာ
ပြိုတော့မယ်ပေါ့ ညို .....


ရွာမယောင်ရယ်
မိုးသားအောက်မှာ
တိမ်အလွှာတွေ
ဖြိုအားမောက်ကာ
လွမ်းဖို့လက်တို့
မျက်ရည်စို့မှ
ခွဲခွာအဝေး
ထွက်လို့ပြေးတာလား ညို ......


ရှစ်ခွင်တိုင်းလည်း မဲ
မောင့် ရင်ထဲလည်း မစဲ
မျက်ရည်တွေ က သည်း
ဩော်
အလွမ်း အလွမ်း တွေ ပါပဲ ညို .......

No comments:

Post a Comment