
မင်းရဲ့ ဥပေက္ခာဆိုတဲ့
ဓားသွားထက်ထက်က
ထိုးစိုက်သွားတာ ခုဆိုရင်
ငါ နှလုံးသား အလယ်မှာ
ဝိုင်မြစ်တစ်စင်း စီးဆင်း နေပြီပေါ့
ချစ်သူရေ......
ဝိုင်မြစ်ရဲ့ သွေးစီးသံတွေက
“မင်းကိုအရမ်းချစ်တယ်”တဲ့ဟ
ဝိုင်မြစ်ရဲ့ ကမ်းပါးတွေက
ကတိ နဲ့ သစ္စာတွေပါ တဲ့
ဝိုင်မြစ်ထဲမှာ မျှောနေတာက
အလွမ်းဆိုတဲ့ လှေငယ်လေးပါ
ဘယ်လောက်မြန်းမှ စာနာမှုဆိုတဲ့
ကမ်းစပ်ကို ရောက်နိုင်မလဲဆိုတာ
ငါ မသိသေးဘူး ငါ့ မ ချစ် သူ ရေ .....
No comments:
Post a Comment