ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, June 26, 2013

"ငါ"ကျစ်ခဲ့သော "ကြိုး"

"ငါ"ကျစ်ခဲ့သော "ကြိုး"
***************

မပွင့်လင်းခြင်းအစ
"သံသယ"

တင်းမာခြင်းအစ
"မာန"

နားမလည်ခြင်းအစ
"အတ္တ"

သံသယ မာန ထို အတ္တတွေ
သိခဲ့၍လား မသိလို့များ
ပတ်ချည်နှောင်ရစ် တို့အချစ်ကို
မာနမာန်တက် အတ္တဖက်နွယ်
တွယ်တာသမျှ ကျစ်ခဲ့ကြိုးလေး
ဖြတ်ကာပိုင်းလို့ စိမ်းကားရက်စက်
ထားခဲ့မည်ပေါ့ ......

သွားပါတော့လေ
ဘဝအဖော်မဖြစ်
ခဏအပျော်ချစ်ဆိုတော့

သံယောဇဉ် "ကြိုး" မေတ္တာ "ကမ်းပါး"
"ငါ"၏ အချစ်များ ပြိုကျပျက်စီး
ကြေကွဲသောက အနာကျလည်း
လွမ်း၍တမ်းတ ဝမ်းနည်းရလျှင်
အားရအောင်ပဲ ငိုလိုက်မည်
အစဉ်အမြဲလေ "နင်"ခွဲပေမယ့်
ရင်ထဲထာဝရ ရှိနေမည်က
"ငါ"ကျစ်ခဲ့သော "ကြိုး"

No comments:

Post a Comment