ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, June 21, 2013

ဥပေက္ခာလူးသား


နှလုံးသားကို စတေးလို့

ငါ ရေးခဲ့တဲ့ အလှအပမဲ့

ကာရန်မညိ မော်ဒန်မထိ

ရသန်မမှန်တဲ့ ကဗျာလေးတွေ

နင့် အနားတော့ ရောက်ခဲ့မှာပါလေ

ထားခဲ့တဲ့ကတိ တွယ်ညိတဲ့သံယောဇဉ်

အသည်းကြားက မေတ္တာတွေကို

တစ်နေ့နေ့တော့ နားလည်မှာလို့

မျှော်လင့်စောင့်စား ငါ ဟာလေ

ဥပေက္ခာလူးသား ပါ ...
 

No comments:

Post a Comment