*********************

သံသရာ ကို လေ
မြစ် လို့ သဘောထား
အချစ် ကိုတော့
ည များစွာလို့ မှတ်ထားနော်
သမုဒယနဲ့ တွယ်တာခြင်းတွေက
အကိုရဲ့ စီးဆင်းမယ့် မြစ်ရေတွေပေါ့
သစ္စာကို ပန္နတ်ရိုက်
သံယောဇဉ်ကို အုတ်မြစ်ချ
အကြင်နာကြိုးတွေ ခိုင်ခိုင်ကျစ်
မေတ္တာတွေကို မိုးကာထားလို့
ကဗျာသီလိုက် စာစီလိုက်နဲ့
ဇဝေဇဝါ ပစ္စုပန်မှာ
သေခြာအောင် လက်တွေခိုင်ခိုင်တွဲရင်း
အနာဂတ်မှာ ထာဝရတော့
ပတ်သတ်ခွင်လေး ပေးပါလားကွယ်
ညီမလေးရယ် ......
No comments:
Post a Comment