ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, June 7, 2013

&&& မ နှင်း ဆီ အတွက် ***

တစ်ရံရော အခါကအမှတ်တရကို
ပြန်ပြောရင် သံယောဇဉ်တွေ
ဖြစ်နေမိမယ် နှင်းဆီ

ဆူးတွေရယ် ရှိတာသိတာပေါ့
ခြူချင်သူ လူတွေကိုယ်မှ
ဆူး တွေနဲ့တား အရှက်အတွက်လား

အလှမာန် ဂုဏ်မဝင့်နဲ့
နင့် မှာက ဆူးတွေနဲ့ရယ်
မတော်တန် အတွေးတွေကို
ခေတ်ဟောင်းမှာ ထားခဲ့ပါလို့
ဘေးအဖယ်ခံကာ ထားရမဲ့အရေး
ပန်းသဇင်မှ မဟုတ်တာလေ
နင် အသေအခြာတွေးပေါ့

ကံကြမ္မာ အခွင့်ပေးရင်တော့
သေခြာစွာ ရွေးခြယ်ပါလေ
ဘဝအရေး ခဏလေးမတွေးပဲ
အလေးထားကာ စဉ်းစားရင်း
အခြေမလှလို့ နေ များ ခ ရင်
မြေကြကာ ပန်းခြောက်လိုငြိုးမှာမို့
နှလုံးသားနဲ့ဥာဏ် ပိုင်နိင်စွာ
ဆုံးဖြတ်နိင်ပါစေ နှင်း ဆီ ရယ် ..


 

No comments:

Post a Comment