ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, June 11, 2013

___^ ညီမလေး ဖတ်ဖို့ ^ ___

မပီကလာ ပီကလာရယ်
တီတီတာတာ ခွန်းဆင့်ချွေရင်း
ပြောဆိုတက်သော ညီမလေးတို့ရေ
အလိမ္မာ စာမှာရှိတာမို့
အကို ကတော့ စာအသိလေးနဲ့
သတိလေးပေးလို့ ပြောကြည့်ချင်တယ်
ညီမလေးရယ် နားစဉ်ကွယ် ။ ။

ညီမလေးရေ...
အရွယ်ပြည့်ဖြိုး အားမာန်တိုးလို့
အပျိုသွေးရယ် လှသွေးကြွယ်တော့
နုမြစ်ပျိုသစ် ထို အချစ်ကို
မလွဲဧကန် ရှာကြမည်ပေါ့
ခဏမဟုတ် တစ်ဘဝအတွက်ဆို
တစ်ယောက်မကောင်း တစ်ယောက်ပြောင်းလို့
ရီးစားတွေလည်း သက်စေ့မထားနဲ့
ကလေးအတွေးရယ် တစ်ချို့များဆို
ဘဝအတွက် ရွေးချယ်တာတဲ့
ကြားရစကား နားမှာခါးတော့
မိန်းကလေးမို့ ရွေးချယ်မည်ဆို
ရွေးသူတိုင်းကို ပန်းဦးမပေးနှင့်
အခါခါရွေးလို့ အခါခါပေးရင်
ပိုးကိုက်တဲ့ပန်း ဘယ်သူများနမ်းမလည်း
ညီမလေးရယ် ။ ။


ညီမလေးရေ....
ထမိန်ယဉ်ဖုံး အဆင်ပြေဆုံးလို့
အကို ကတော့ မပြောလိုပါ
ခေတ်ဆိုတော့လည်း ဝတ်ချင်မှာပေါ့
လျှပ်ပေါ်လော်လီ ဂေါ်ထွီထွီနဲ့
မတော်တပေါ် အကုန်ဖော်မှ
အဆင်ပြေမယ့် မော်ဒယ်လားဟဲ
အလှမျိုးလည်း မဝတ်ကြနဲ့
စကပ်ဆိုလည်း ပေါင်ပေါ်အတို
ဝတ်ဖို့မတွေး အန္တာရယ်ဘေးမို့
ရမ္မက်ကျားအတွက် အစာမဖြစ်ရေး
သတိထားလို့ ဝတ်ဆင်စမ်းကွယ်
ညီမလေးရယ် ။ ။


ညီမလေးရေ....
ဘဝကြီးက ကြမ်းချင်လည်းကြမ်း
ချိုရင်လည်းချို ခါးချင်လည်းခါးမယ်လေ
မာယာများတဲ့ လောကကြီးမှာ
အလှအပကို တွယ်တာမက်ပြီး
ပကာသနဆိုတဲ့ ငွေနောက်ကိုလည်း
ဘဝကိုပုံလို့ လှေကြုံမလိုက်နဲ့
ဗေဒါငယ် မာန်ကိုခဲသလို
အားတွေကို မွေးမြူစုလို့
ရှိတာလေးနဲ့ လှအောင်ဝတ်မယ်
ကြင်ဖော်အတွက်လည်း သေခြာရွေးကာ
ပတ္တမြားမှန် နွံ့မနစ်မဲ့
အဖိုးထိုက်မယ့် ပန်းကလေးတွေကို
အကိုတွေးလို့ မြင်ချင်စမ်းတယ်
ညီမလေးရယ် ။ ။


 

No comments:

Post a Comment