ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, June 19, 2013

သုံးရာသီ အလွမ်း

 
*************

ရော်ရွက်ဝါတွေ ကြွေကာလွင့်ကြ
ငှက်ဥသြလည်း လွမ်းတေးကျူးရင့်
ဝေဒနာရယ် အလွမ်းပွင့်က
အဖြေသာတဲ့ ဟိုတစ်ချိန်မှ
အနမ်းပွင့်ကို တမ်းတလို့မှန်း
နွေ ရောက်တော့လည်း လွမ်းမိသည် ......

ဝဿန်ဝါဆို မိုးသည်းသည်းမှာ
လျှောက်ခဲ့လမ်းများ သွားခဲ့နေရာ
တူယှဉ်ကာနဲ့ ပျော်ရွှင်အချိန်
မမေ့နိင်တော့ ရင်ခွင်ရိုင်းမှ
ပုလဲမိုးလို ပြိုပြိုဆင်းပြီ
မိုး ရောက်တော့လည်း လွမ်းမိတယ် .....

လရောင်မမြင် ကြယ်ရောင်မတွေ့
မဟူရာညဆို ပိုလွမ်းမိသား
မှောင်ရိပ်ကမည်း မြူကမကွဲ
နှင်းကြားထဲဝယ် ကြည့်တိုင်းကြည့်တိုင်း
မြင်လိုက်တိုင်းလေ မြင်မိတာက
သုံးရက်လလို့ ခပ်ကွေးကွေးနဲ့
ခုံးမျက်စရယ် ဟန်စုချီကြော့
တုမမီသော အလှလေးနဲ့
သက်ပိုင်ညှာမှုး အချစ်ဦးသို့
ဆောင်းရောက်တိုင်းလည်း လွမ်းမိပြီ ....

ချစ်သူရေ
လွမ်းတာတွေကို စာစီဖွဲ့လို့
မေ့မရသူ မောင့်ရင်ထဲမှ
ရာသီရဟတ် တစ်ပတ်လည်စေ
ဆောင်းနွေမိုးပြောင်း မပြောင်းဖြစ်မြဲ
တည်ဆဲပဲလေ အချစ်တွေမို့
ကမ္ဘာတည်သရွေ့ လွမ်းမိတယ် ......

No comments:

Post a Comment