ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, June 2, 2013

လက်ကျန်အချစ်ပင် မထားခဲ့လေသလား

ကျန်ရစ်သူ အသည်းရယ်က
ကျန်စစ်လိုသာပဲမို့ အချစ်ရေ
နင့် ဥပေက္ခာ ခြေတော်ရင်းမှာပ
ငါ့ နှလုံးသားလေး ဝတ်ဆင်းညွှတ်ကျ
မြေသို့ခလို့ မျက်ရည်မိုးတို့
ကြွေ ဆင်း ရ ပြီ ......

သစ္စာကိုရှောင် မေတ္တာကိုဖယ်လို့
နင် မကြင်နာ အကြောင်းတရားတွေက
နှောင်းအတိတ်ရဲ့ ငါ့ ကံကြမ္မာပေါ့
အသက်နဲ့ထပ်တူ ချစ်ရသူက
ပျော်လို့ပင်မုန်း မုန်းလို့ပင်မေ့
မေ့လို့ပင်ထား နင် မလွမ်းဘူးလား
ငါးစိမ်းမြင်လို့ ငါးကင်ပြစ်တာ
အစမ်းတော့ မဟုတ်ပါဘူးလေ
တစ်မင်ခွာ ရှောင်ပုန်းသွားတော့
အပြစ်မရှိတဲ့ ငါ့ နှလုံးသားက
အယူခံ တေးတော့ဝင်ပါရစေ
အတိတ်ဝဋ်ကြွေးများ ရှိခဲ့ရင်ပေါ့
ဒီဘဝဒီမျှ ကျေပါစေကြောင်း
တောင်းဆုတွေသာ အခါခါပြုရင်း
ဖန်လာဘဝ နောင်ကာလကြ
လူသားဘဝများ ပြန်များရရင်
အချစ်ကြီးတဲ့ လူသားမျိုးလည်း
မဖြစ်ပါရစေနဲ့တော့ ချစ်သူရယ် ...

လက်ကျန်အချစ်ပင် မထားခဲ့လေတဲ့
စိမ်းလေသူကို ကြားစေချင်သည်
ငါ့ နှလုံးသားက အော်ငြီးနေသော
အဆွေးတွေနဲ့ အလွမ်းတွေကိုပါ
နင် မရှိတော့တဲ့ ငါ့ ဘဝဟာလေ
ဟက်တပ်ကြီးနဲ့ ကွက်လပ်ကြီးမို့
ငါ့ အသဲတွေသာ ကွဲ ခဲ့ ပါ ပြီ
ချစ် သူ ရယ် .......

 

No comments:

Post a Comment