
နေ့မြင်ညပျောက် ကောက်ရိုးမီးလို
ဝင်ရောက်လာသူရေ ဆွဲခဲ့တဲ့စုတ်ချက်
ကြမ်းချက်ရယ်ကြောင့် ပန်းချီကားလည်း
ပျက်ခဲ့ပြီ ......
ရေကြည်အနောက် ခြေရာလည်းဖျောက်
တစ်ခြုံကွယ် တစ်ပင်မေ့
ငါး စိမ်း မြင် ငါး ကင် ပစ်
အိုင်း တွေ့ တိုင်း ခြေ ဆေး
ခက်ပါလား မိန်းကလေးရယ်
ဘဝကို ဂျင် လိုလည် အော် မသူတော်နဲ့
တွေ့မယ့်အရေး ငါ့ တွေးတွေးလို့
ရတက်မအေး ငါ ရင်တွေလေးတယ်
မေတ္တာပေါ့လေ ကံနည်းတဲ့ဒီလူသားက
အားအင်ကုန်ခန်း လူလည်းပန်း
အတွင်းသဘောကို သိရအောင်ပ
သေခြာဆန်းစစ် အရင်းစစ်တော့
နစ်သထက်သာနစ် ငါ့ အချစ်တွေ
အဆိပ်ဆိုတဲ့ အတ္တတွေဖယ်တော့
ဒွိဟဆိုတဲ့ တွေဝေစိတ်က
ဝေခွဲလို့မရ မေ့မရသေးတဲ့
ဩော် ဘဝ ဘဝ ငါ့ ဘဝ .....
No comments:
Post a Comment