ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, June 19, 2013

"ဒဿ"နှလုံးသားနှင့်"လူ" (ခ) မယှဉ်ပါနဲ့"ရာမ"ရယ်

 
***********************************

ဒီမယ် ဒီမယ် ရာမရေ
ကံကြမ္မာရယ် နည်းခဲ့ပေလို့
သံသရာ ဒီဘဝထဲမှာ
အချစ်နဲ့ ကွေ့ကွင်းလို့တော့
ဒူးလဲမထောက် လက်လဲမမြှောက်
နှလုံးသား အလိုကိုလိုက်
ရွှေသမင်နှယ် ဟန်ဆောင်ပါလို့
ဥာဏ်ဆောင်တာတွေ များပေမယ့်
မာယာတွေမပါ အချစ်တွေပါကွာ .....

နှလုံးသားခြင်း ရောယှက်တဲ့ပွဲ
စစ်ခင်းလို့သာ မင်းအနိင်ယူပါ
ဥပေက္ခာ အမုန်းမြှားချက်ကြောင့်
အသက်မဲ့စွာ သေသွားခဲ့လည်း
အတုမရှိတဲ့ ငါ့ အသည်းကို
ရဲ့ဝံ့စွာရယ် လှူဒန်းခဲ့မယ်
ရုံးမှန်းကိုတော့ သိပါရဲ့လေ
နှလုံးသားနဲ့ လူသားပေမို့
အောင်လံထူကာ တလူလူလွှင့်
အောင်လိမ့်မယ်လို့ မင်းမထင်နဲ့
ခန္ဓာရယ် ကြွေမွပါမှ
သေတော့မှသာ ပြုံးလိုက်စမ်းပါ
အချစ်ခြင်းတော့ လာမယှဉ်နဲ့
ထာဝရရယ် ရုံးပြီးသားကို
သဘောပေါက်လို့ နားလည်ထားလိုက်
မင်း ဟာလေ ငါ့ အတွက်တော့
ဩော် အမှိုက် အမှိုက် ......

No comments:

Post a Comment