အပျော်မချစ် အသစ်လည်းမရှာ
မုသားတွေလည်း မသုံးခဲ့ပါပဲ
တစ်မိုးအောက်မှာ မဖောက်လွဲလို့
နေ လို အဆင်း လ လို အလင်းတွေနဲ့
နင့် တစ်ယောက် ထဲကိုယ်ပဲလေ
အချစ်ကြီးပင် ချစ်ခဲ့မိပါတယ် ......
အဖော်မဖြစ်အောင် လှော်လို့ပင်ချစ်
သကာအချစ် အကာအချစ်တွေနဲ့
မာယာတွေ နင် အခါခါသုံးရင်း
မ စာ နာ ငါ နှလုံးသာကိုယ်
မညှာတာ နင်းခြေရက်တော့
ရင်မှာလေ ဒဏ်ရာတွေက
နွေတစ်ရာနှယ် ပူလောင်တာမို့
သေကာမှပင် ပျောက်လိမ့်မယ် ....
ဖန်လာဘဝ နောင်ကာလကြပေါ့
ကိုယ်ချစ်ရှာလည်း မဝေးပါရစေနဲ့
သူချစ်ရှာလည်း မဝေးပါရစေနဲ့တော့
အတုအပ မပါတဲ့ အချစ်တွေရယ်
သစ္စာရှိတဲ့ အချစ်တွေရယ်
နားလည်မှုရှိစွာနဲ့ ခွင့်လွတ်ခြင်းတွေရယ်
အပြန်အလှန်လေးစား တန်ဖိုးထားလို့
အချစ်စစ်နဲ့ ချစ်တက်တဲ့သူသာ
အချစ်ကြီးတဲ့ ငါ ရပါစေတော့လို့
ဆုတောင်းနေမိတယ်လေ
No comments:
Post a Comment