ငါ့ သွေးချင်းတို့ရေ
အလှမ်းကျယ် အလယ်လတ်လို့
ငါတို့တွေက မလေးရှားကို
လာခဲ့တာမှ မဟုတ်တာလေ
ပညာကမွဲ ဥာဏ်ကနည်းလို့
ပြောရအောင်လည်း ဘွဲ့တွေရညား
ရှိနေသားလည်း ပေးထားလစာ
အသုံးစရိတ် သာသာ မို့
ဘယ်မှာလောက်မည်နည်း ......
မိဘခွဲခွာ ရေမြေရယ်ခြား
နိင်ငံလည်းခြား အော် မလေးရှားတဲ့
ငါတို့လာမိ ပြေးစရာမရှိအောင်
မသူတော်အရူး အာဏာဘီလူးက
အမှန်မပြော သူယုတ်သဘောနဲ့
မဟုတ်တာတွေ လှော်ပါတော့
ငါ့ သွေးချင်းတွေ မြေကြပြီ
မရွှင်အသည်းနာ ရင်ထဲမှာ
အပူမီးတွေက အမဲတင်တာ
သွေးချင်းအတွက်ပေါ့ တို့သွေးကတော့
နီ ပြီသား ကြမ်းသလားတော့မမေးနဲ့
ယောက်ကျားဆို မျက်နှာချင်းဆိုင်မယ်
ဒင်းတို့တွေက ဖိုက်ရဲလား
ခုများတော့ကွာ
မသူတော် ခွေးသူခိုးတွေက
ယောက်ကျားမှ မဟုတ်လေတော့
နောက်ကျောမှရယ် ဓါးနဲ့ထိုး
ဩော် တော်တော်ကိုဆိုး ....
ညီမငယ်တွေ ကြောက်စိတ်ကြွယ်တော့
ပြန်ချင်တယ် အလွယ်မှတ်ပေမယ့်
မလွယ်အောင်လုပ်နေတာက
ဇကောလောက်မှ ဇောက်မနက်တဲ့
ဆန်စားမကြီး ဟိုနွားကြီးက
လုပ်ရက်လေတော့ ငါတို့ဘယ်မှာ
ပြန်နိင်မလည်း
ငါ တို့သွေးတွေ မြေမှာခမှ
ကြွေကာလေ မပြတော့ပါဘူး
ငါ လူမျိုးတွေ ဒဏ်ရာနဲ့မို့
ငါ ကလေ ဝမ်းနည်းလွန်းလို့
ဒီ အမဲလေးနဲ့ ဂုဏ်ပြုတယ်
No comments:
Post a Comment