ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, June 7, 2013

~~~ စိမ်း လေ သူ ကြီး သို့ ~~~

မခွဲဘူးတူနှစ်ကိုယ် သစ္စာတွေဆိုရင်း
လေးဆူဓါတ်ပုံ မြတ်ရွှေတိဂုံမှာ
ပန်သစ္စာဆု အတူပြုကြတယ်
ခွဲခွာထွက်ခဲ့ မတ်လ၁၆ရက်မို့
နောက်ပြန်မလှည့် မျက်ရည်ထွက်တဲ့
မနေတက်လို့ ကျေနပ်အောင်တော့
အမြန်ပြန်ခဲ့ပါတဲ့ မောင် ~~~

ချစ်သူစကား နားထဲကြားတော့
သမုဒယနဲ့လွမ်း မောင့် ရင်မှာနွမ်း
ပြန်တွေးမြင်ယောင် မောင် ပေးလက်ဆောင်
ဘေးနားမှာထား မောင် ရှိသလိုပါလား
ထို ထို စကား ချစ်ပြောညှားလည်း
ဩော် အပြစ်ရှာခါ မုန်းလိုက်ပြီပေါ့
အ သစ် ရှာ ဖို့ မ ဆို ထား နဲ့
အ မုန်း ဆို တာ ဝေ လာ ဝေး
အ သေ ခြာ တွေး ပါ ချစ် သဲ ရေ ...

လက္ခဏာလို့ ပဏ္ဏာမတင့်သူမို့
အနော်ရထာ မာန်ရှသလို့ခံရတာပ
သုဘဒ္ဒါနှယ် မုန်းမာန်ငြိုးတော့
မုန်းယောင်သွေလို့ မချည့်တဲ့အသည်း
ဓါးထက်ထက်နဲ့ သာခွဲပါတော့လေ
အ ဖြူ အ မဲ မ သဲ ကွဲ ပဲ
ထားခဲ့ကျန်ရစ် မောင် သာဖြစ်တော့
မပျော်တစ်သက် လွမ်းမျက်ရည်နဲ့
လှမ်း လှမ်း ၍ ကမ္ဘာတွေက ခြား
အ ချစ် ရေ ♥♥♥
မင်း အေး အေး မြ ပါ စေ သား ~~~

 

No comments:

Post a Comment