ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, June 21, 2013

♥♥♥အပယ်ခံ♥♥♥


ချစ်ရသူဆီ ကဗျာသီလို့


ပေးပိုခြင်တယ် ဒီလိုပါကွယ်♥♥♥


အပြင်မှာမတွေ့ အွန်မှာတွေပေမယ့်
မေတ္တာတွေအကုန် သစ္စာတွေပုံလို့
ချစ်ခဲ့တာကို သိခဲ့မှာပေါ့နော်
ခုများတောလေ အရာရာဟာ
အိမ်မက်အလား ဗလာနတ္ထိ
ဘာဆိုဘာမှ မရှိတော့ပါတကား
ပြန်စဉ်းစားလို့ အဖြေရှာလိုက်တော့
လောကရဲ့ဒဏ် အနာဂတ်ရဲ့ကံ
ကြမ္မာရိုင်းတွေရဲ့ကြားမှာ
ရူးနေအောင် ခံစားလိုက်ရတာက
မောင် တစ်ယောက်ထဲပါလေ♥♥♥


အပယ်ခံရဲ့ဘဝ ဂျောက်ထဲကြတာမှ
ဖြေသာသေးတယ် မေ့ချင်ပေမယ့်
အငိုကလွယ် အပြုံးကခက်
ဘဝအဖော်ဆိုပြီး ထားမိချစ်ခြင်း
အပြစ်ကင်းမို့ မေ့လို့မှမရသေးတာလေ ♥♥♥

ကောက်ကာငင်က ပြန်ထဖို့ကလည်း 
မလွယ်သေးဘူး ချစ်သူရေ
မပျော်လို့ပဲပြစ်ပြစ် မချစ်လို့ပဲခွာခွာ
နောက်ဆုံးတော့ ...........
ခွဲခွာခြင်းနဲ့ လမ်းခွဲခြင်းရဲ့ 
သယ်ဆောင်ရာမှာ နားလည်ခြင်းဆိုတဲ့ 
သစ္စာစည်းတွေကိုကျောခိုင်း
ခုတော့ အရူးမီးတွေ ဝိုင်းသလိုနဲ့
အပယ်ခံရဲ့ဘဝ ပြန်ထမရ
နုံးနုံးလိုကျ ဩော် ဘဝ ဘဝ
 

No comments:

Post a Comment