ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, June 21, 2013

♥ချစ်သူစေထား ငါ့ နှလုံးသား♥



ကောင်မလေးရေ
အချစ်တွေကို ပနာမတင်ချင်ပေမယ့်
အခါအခွင့်သင့်လို့ ပြောပြအုံးမယ်
အပြစ်ရှာကာ ငြိုငြင်အုံးနော် ......

ကောင်မလေးရေ
ဓါးထက်ထက်နဲ့မှ ရင်ကိုခွဲလို့
တစ်ဘဝအပြစ် ဘွဲ့ကိုပေးရင်း
ထာဝရအချစ်နဲ့ ဝေးခဲ့ရသူက
တွေးတိုင်းတွေးတိုင်း နွမ်းနွမ်းလို့သွား
နင် မမြင်ခဲ့ပါလား ကောင်မလေးရယ် ...

ကောင်မလေးရေ
ငါ ချစ်တဲ့ ငါ့ မချစ်သူ နင် က
မညှာတာရက်စက်ခဲ့ပေမယ့်
ရင်မနာနိင်တဲ့ နှလုံးသားနဲ့လူပါ
မကြင်နာတာတွေ သိပေမယ့်လည်း
အများတကာက ခွဲထွက်လို့
သစ္စာကြီးမား ပေသီးအလားပါ
မြေခတဲ့ပန်း ဘယ်သူကနမ်းမလည်းလေ
ငါ လည်းလေ လောကိလူသားပါ
ဒါပေမယ့် မတူတာတွေကို
နင် သိခဲ့မှာပါ ကောင်မလေးရယ် ......

ကောင်မလေးရေ
နင့် အသိစိတ်တွေက ဝေဝါးဝါး
အတွေးတွေက ခပ်ပါးပါး
မသေခြာတဲ့ ပစ္စုပန်ထဲမှာ
မတူအသိတွေရယ် အယူအစကလွဲ
ဆင်ပေါ်မှာအသာရ တခဏပါလေ
ပြုတ်လိုသာ ကျကျရင်တော့
အထိမနာပါစေနဲ့ ကောင်မလေးရယ် ...

ကောင်မလေးရေ
နောက်ဆုံးစကားတော့ ပြောအုံးမယ်
နင် မချစ်ခဲ့ တဲ့ နင့် ချစ်သူ ငါ က
ငါ သာချစ်မိ အပြစ်မရှိဟု
စိတ်ဝယ်စွဲမှတ် အရမ်းချစ်တဲ့ကောင်လေ
မြေပင်ခလို့ ပန်းလိုညိုးကြွေ
ယုတ်စွအဆုံး ......... ဖြစ်အုံး
ချစ်တာသိလို့ သစ္စာလေးသာရှိခဲ့ရင်
မငြီးမငြူ ပေးကြည်ဖြူမည်
ချစ်သူစေထား ငါ့ နှလုံးသား ....... 

No comments:

Post a Comment