မျက်နှာကလေး ဖြူဖြူဖွေးနဲ့
မှုံနံသာရောင် သနပ်ခါးကိုပ
ပါးနှစ်ဖက်ဝယ် သုတ်လိမ်းလို့ချယ်
ဖြူ တူတူ အသားတော်ဝင်းလို့
နူတ်ခမ်းလေးက နီသွေးကြွယ်
ဆံကေသာ ပိတုန်းနက်ကို
ကျော့ရှင်းဖွယ် ဖြန့်ကာချတော့
ခါး ထက် ဝယ် နေ ရာ ယူ
ဩော် မောင့် ချစ် သူ ♥♥♥
နှိုင်းစံမမီ အိနြေ္ဒရှင်ကို
စာကဗျာဖွဲ့ကာ မမှီပေမယ့်
မာန်မပါ ဟန်မူရယ်နွဲ့နှောင်း
ကပိုကရို မဝတ်မစားနဲ့
ရိုးရိုးလေးရယ် ယဉ်သူက
သမင်မျက်လုံး ရူမဆုံးနဲ့
ပန်းချီဆရာ အရုံးပေးမယ့်
ဇင်ယော်တောင် မျက်ခုံးလေးရယ်
ဖြောင့်စင်းနှာတံ သွယ်လျဟန်ကို
ဘယ် သူ ပြိုင် လို့ ရ ပါ နိင်
သူ ရဲ့အပြုံး မိုနာလီဇာ ရူံးလို့
ရီရင်လည်းဖွေး သထက်လေးနဲ့
အလှမှာအယဉ်ဆင့် ဂုဏ်တင့်တဲ့သူ
ဩော် မောင့် ချစ် သူ ♥♥♥
တော်ဝင်တဲ့ပန်း သဇင်ပန်းမို့
ပြိုင်ဘက်တုကင်း လှယမင်းကို
မြင်သူတိုင်းငေ မောင်လည်းဆွေးတော့
ဒီ ရွှေ ရင် မှာ မ အေး ပေ မယ့်
တစ် ဘ ဝ အ ရေး ပေ မို့ ကွယ်
ခ ဏ လေး တော့ ဝေး ကြ မှာ ကို
အားငယ်သလား နားလည်ထားလို့
ရေမြေတွေခြား နိင်ငံခြားလည်း
အလှမ်းမဝေးတဲ့ စိတ်ခြင်းနီးသူ
မောင့်ချစ်သူကို အသဲနစ်အောင်
လွမ်း တယ် ကွယ် ♥♥♥
No comments:
Post a Comment