ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, June 16, 2013

♥♥♥ထာဝရပါကွယ် ချစ်သည်းရယ်♥♥♥


ဇင်ယော်တောင်မျက်ခုံး
ရွှေသမင် မျက်လုံးလေးနဲ့
စွဲမက်တဲ့ ငြို့ချက်တွေကြောင့်
ဒီရင်မှာ လာလာခုန်တော့
ချစ်တာများ ဖွင့်ကာပြောရင်
စိတ်ဆိုးမှာလား ချစ်သည်းရေ ....

ဝေဒနာတွေကို ဖြေသာစရာ
ရှားတာကြောင့် ရင်နာအောင်
အမုန်းတွေမလို အပြုံးတွေသာ 
လိုချင်မိတယ် ချစ်သည်းရယ် ......
တစ်ယောက်ဆိုမှ နင် တစ်ယောက်
မယွင်းဖောက်ပါလို့ အသည်းထဲပြစ်
စွဲလမ်းချစ်မယ် ယုံပေးကွယ် ...

လှော်ချစ်တာနဲ့ အဖော်မဖြစ်မှာကို
တွေး တွေးလို့ရယ် ကြောက်မနေပါနဲ့
အပျော်လည်းမချစ် အသစ်လည်းမရှာ
မောင် ကလေ သစ္စာတွေထားပါမယ်ဗျာ
ချစ်တာကိုတော့ ငြိုငြင်ကာ
အပြစ်မရှာပါနဲ့လား ချစ်သည်းရယ် ....

မခွဲတမ်းတစ်သက် စွဲလန်းလျက်ပါ
အမြဲတမ်းမပျက် နင် အနားကပ်လို့
ချစ်စကားတွေ ဆိုချင်နေလည်း
ပို ပို တယ်လေ ထင်မှာစိုးသမို့
ချစ်တာတွေကို စာသီကုံးကာ
ဖွင့်ကာပဲ ပြောလိုက်မယ်
မောင် မင်း ကို အရမ်းချစ်တယ် 
ထာဝရပါကွယ် ချစ်သည်းရယ်♥♥♥
 
 

No comments:

Post a Comment