ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, June 28, 2013

သို့ ဧကရီ


သို့ ဧကရီ
*******


အိုဘယ့် မဟေသီ
ဧကရီရေ စကားနှစ်လုံး
အလှဆုံးကို နူတ်မူကြွကြွ
အဖွင့်ဟခင် မေးမှဖြစ်မည် ....


အိုဘယ့် မဟေသီ
ဧကရီမှာ ကြင်သူသက်လျာ
ရွေးချယ်ကာထား ရှိပါသလား ???

အိုဘယ့် မဟေသီ
ဧကရီမှာ အိမ်ဦးနတ်များ
စောဦးလင်စွာ ရှိပါသလား ???

ဗုဒ္ဓဘာသာ မျိုးဆွေရင်းမို့
ဒု သ နာ သော အချင်းလေးပါး
မြတ်တရားကို ကြောက်မိသားကွယ်
ဒါကြောင့်
အကျွန်တော်မျိုး၏ အချစ်များရယ်
သဒ္ဒါလွန်ကာဖြစ် နစ်ကျွန်ကာလေ
မနစ်ရအောင် အိုဘယ့် မဟေသီ
ဧကရီက စကားလှလှ
နူတ်လှလှမှ ဖွင့်ဟကာပြော
အတွင်းသဘော ........

No comments:

Post a Comment