ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, June 19, 2013

အ ချစ် ရူး


----------

ကောင်မလေးရေ
ချစ်တယ်ဆိုတဲ့ စကားလုံးက
နှစ်လုံးထဲပါလေ သေခြာတွေးကြည့်ရင်တော့
တန်ဖိုးက အရမ်းကြီးနေတယ်နော် ....

ကောင်မလေးရေ
ချစ်တယ်ဆိုတဲ့ စကာလုံးတွေ
မပြောခင်ပေါ့ နှလုံးသားကို
သေခြာအောင် ပြန်ပြန်မေးကြည့်ရတာမှ
ဇောချွေးတွေကြ ခဏခဏပဲဟ

ကောင်မလေးရေ
ဆူးဆိုရင်လည်း နှင်းဆီလိုသာ
နာနာလေးဆူးလိုက်စမ်းပါဟာ
ငါ လေ ဖွဖွလေးပဲ ကိုင်ထားရင်း
လက်နုနုက သွေးတွေကြတောင် 
ငါ့ နင့် အပေါ်ထားတဲ့ အကြင်နာတံတိုင်း
ရင်ခွင်လှိုင်းမှ သဒ္ဒါလွန်အချစ်
နယ်ကျွန်ကာ နစ် ဖြစ်ခဲ့မှတော့
ဘယ်မှာလည်း ဥပေက္ခာဆိုတဲ့
အမုန်းစိတ်ရိုင်းတွေ ....

ကောင်မလေးရေ
ချစ်တော့ချစ်တယ် ထာဝရအတွက်ပေါ့
ဒါပေမယ့် နင့် မှာပိုင်ရှင်ရှိခဲ့ရင်လေ
မခေါ်သာ တော်ရာကပဲ ချစ်နေမယ် 
"ဒဿ"လိုလည်း ပွဲမကြမ်းဘူး
"တာနော"လိုလည်း မငုံနိင်တော့
ပိုင်ရှင်ရှိသူ ငါ့ ချစ်သူရယ်
ဆုတ်ရင်လည်းဆူး စားရင်လည်းရူး
ငါ ဟာလေ အဖြစ်ထူးတဲ့
ဩော် အ ချစ် ရူး .....

No comments:

Post a Comment