ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, June 26, 2013

မေ နှင့် မောင်


မေ နှင့် မောင်
***********


ထယောင်မှိုင်ငေး
အတွေးလေမြူး
ရူးများရူးလား မသိ မောင်....
(မေ)
********

နာရီအုံးမောင်း
အချိန်ပင်ပြောင်း
မဟောင်းမပစ်
နှောင်းကမ္ဘာထိ ချစ်မယ် မေ ...
(မောင်)
********

ကြယ်ရောင်မစုံ
လရောင်မလင်း
မောင့် မျက်နှာလေး လွမ်းလို့ပင်ငေး
(မေ)
******

ရေမြေခြားလို့
လွမ်းအားရယ်ပို
မောင့် ချစ်သူကို အားငယ်သနား
နားလည်ထားပါ ချစ်သူရယ် .....
(မောင်)
*******

တူနှစ်ကိုယ်အရေး
ခဏဝေးတာကို
နားလည်ပါတယ် မောင်
တွေးကာပူမိ
ထားခဲ့ရင်ဆိုတဲ့ အသိက
ရင်မချိပါ မောင် ......
(မေ)
******


ချစ်တာသိလို့
သစ္စာရှိရင်
မောင် လည်းမဖောက်
မေ လည်းမဖောက်
နားလည်ကာထား
အသည်းကြားက
သစ္စာစကားပါ ချစ်သူရယ် ....
(မောင်)
********

ဘယ်သူခွဲခွဲ
မေ တို့မခွဲလို့
အမြဲတူယှဉ်
ကိန္နရီ ကိန္နရာ အသွင်လား မောင်
(မေ)
******

ငှက်မောင်နှံအလှ ပနာသလို့ဆို
မောင့် ချစ်သူကို
ပေးမည်ကတိ တည်မည်သစ္စာ
မောင့် လက်ကိုသာရဲရဲတွဲ
      ဘယ်သူခွဲခွဲ ထာဝရပဲ ဖြစ်ရမည် ...... 
(မောင်)
*********
 

No comments:

Post a Comment