ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, June 16, 2013

%% သွားပါတော့ မာယာ %%


ပြောပြအုံးမယ် မာယာရေ
နင့် နှလုံးသားအစုတ်နဲ့
ပန်ဆင်တော်မူလိုက်အုံးနော် ....

ပြီးဆုံးနေတဲ့ ဇတ်လမ်းတစ်ပုဒ်ကို
မှတ်တမ်းတွေ အခါခါထုတ်နေတာလို့
မငြိုငြင်နဲ့လေ ငါ့ အတွက်က 
အတိတ်တွေရဲ့ အရိပ်တွေပဲ
ပိုးကိုက်တဲ့ပန်း တော်မဝင်တဲ့ပန်းမှန်း
သိနေသားတောင် တန်ဖိုးထားကာ
ရင်မှာမြတ်နိုး အချစ်တွေတိုးရင်း
သစ္စာထားလို့ နမ်းခဲ့မိတဲ့
ငါ့ ကိုယ် ငါ ပဲ ရင်နာလွန်းလို့ပါ မာယာ >>>

အရေးတော်ပြီး အတွေးချော်တဲ့
ကလောင်တံနဲ့ ငါ့ စိတ်ကိုများ
နင် လာလာပြီး မစွနဲ့လေ
မှား မှားသွားမှာပေါ့ မာယာရယ်
ယိုသူမရှက် မြင်သူရှက်မို့
ငါ့ ကိုယ် ငါ အရမ်းရှက်လို့ဆိုတာ
နင် နားလည်ထားပါ မာယာ >>>

မစားရတဲ့ အမဲကိုမှ
ငါ ကလေ သဲနဲ့မပက်ပါဘူး
ကိုယ်ဝမ်းနာ ကိုယ်သာသိမို့
တို့နှစ်ယောက်ရဲ့ ရင်ခုန်သံစည်းချက်
ဘယ်အထိ ခရီးဆက်တယ်ဆိုတာ
နင် လည်းအသိ ငါ လည်းအသိ
နမ်းခဲ့ဖူးတဲ့ ပါးတစ်ခြမ်းနဲ့
ရခဲ့ဖူးတဲ့ ပန်းတစ်ပွင့်ကြောင့်
မာနတွေကို ခဝါချရင်း
ဒူးထောက်လို့ လည်စင်းပေးတာ
မသူတော်လို ချောက်မချနဲ့
နွားမဟုတ်ဘူး ကျားဆိုမှကျား
နင် သိထားလိုက်စမ်းပါ မာယာ >>>

လူလိုလည်းမသိ သိက္ခာလည်းမရှိ
နင် ရှက်တက်ရင် လဲသေလိုက်တော့
မရှက်တက်လို့ အမှန်အကန်ဆို
မာယာတွေကို သယ်မလာနဲ့
မှောင်ထဲကလည်း အစွယ်တွေနဲ့
လာလို့မအော်နဲ့ ငါ တော်တော်ညှော်ပြီ
၁၀၀ဖိုး၃ထည် ဘေထုတ်လို
ကိုင်လို့ပင် မကြည့်ချင်တော့ဘူး
နင့် မာယာအချစ်တွေ ပေါနေရင်ပေါ့
သွားရောင်းလိုက်ပါ ရန်ကုန်မြို့ရဲ့
သံလမ်းဆိုတဲ့ ညဈေးတန်းကို
အဲလောက်ဆို သဘောပေါက်
ကိုယ့်အဆင့် ကိုယ်သိပါလို့
ရှက်တက်ရင် လောကကြီးမှာ
နင် မနေသင့်တော့ဘူး မာယာ
ငါ ကတော့ တာ့တာ့ပါခင်ဗျာ >>> 
 
  
 

No comments:

Post a Comment