ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, June 7, 2013

အိမ့်

 
အိမ့် ကိုလေ မြင်ကတည်း
ရင်ထဲကပင် စွဲမိတယ် ~~

နာမည်ကလေ တစ်လုံးထဲရယ်နဲ့
အလှတွေမှာ အယဉ်စုလို့
သွင်မတူအောင် လှသူလေးကိုမှ
ချစ်မိပြီ မောင့် နှလုံးသား
ရှေ့ရေစက်ကြောင့်လား ****

မလျောကံ မတော်မတရားတွေနဲ့ရယ်
အပျော်ကြံမယ် စိတ်ကူးတွေနဲ့
အနားကပ်မှာတော့ မဟုတ်ပါဘူးလေ
ဝေဒနာရှိသူ ရင်မှာမအေးလေတော့
ဖွင့်ကာများ ပြောလိုက်ရင်
ငြူစူကာ စိတ်တော်မကောက်နဲ့
ချစ်မိစေသား မေတ္တာထားလို့
အကြင်နာတွေ နှစ်ဆင့်ပိုကဲ
ဩော် အရမ်းချစ်လို့ပဲ >>>


အိမ့် မျက်နှာ ကမ္ဘာထင်
မောင့် ဘဝရဲ့ သခင်လေ
ချစ်မီးလျှံ ရင်ဝယ်ပိုက်လို့
ချစ် မိသူ မောင့် နှလုံးသားကိုတော့
ရင်ကွဲအောင် မနှိပ်စက်ပါနဲ့
အပျော်တွေနဲ့လေ ဂဟေစက်ရအောင်
အချစ်ရယ် ပြန်ချစ်လိုက်ပါတော့လား♥♥♥

No comments:

Post a Comment