ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, June 16, 2013

_/|\_ ခွင့်လွတ်ပေးပါ မေမေရယ် _/|\_

မေမေရေ သားကြီးအတွက်
ရတက်တွေမအေး စိတ်တွေထွေးလို့
အပူလုံးကြွ အငိုလုံးတွေများ
စနေပြီလား မေမေရယ် _/|\_

အမေနဲ့ခွဲခွာ နိင်ငံရပ်ခြား
အဝေးရောက် သားကြီးကလည်း
ရင်ထဲမှာကျွမ်း အခါခါလွမ်းပေါ့
ပျော်နေတယ်လို့ မမြင်ပါနဲ့နော်
ရည်ရွယ်ပန်းတိုင် မပြည့်သေးတော့
သားအသိနဲ့ သားစိတ်ထဲမှာ
အမေနဲ့အဖေသာ ညီလေးညီမလေးပါ _/|\_

ပြန်လာချင်တာပေါ့ မေမေရယ်
မိသားစုတွေ စားကြထမင်း
ပျော်ရွှင်ခြင်းတွေ ရင်မှာပီတိ
လွမ်းလို့တမ်းတ မျက်ရည်တွေ
ကျကျနေရတာလည်း ခဏခဏပါ
လာချင်ပေ အလွယ်မှတ်ပေမယ့်
အခြေအနေတွေ ထူးမလာသေးလို့
အသိတွေနဲ့ ကြည့်နေရတယ်လေ _/|\_

စိတ်တွေတော့ အရမ်းမပူပါနဲ့
သားကြီးချစ်တဲ့ မေမေရယ်
အနေအထိုင်တွေဆိုးပေမယ့်
ရွှေမြန်ပြည်ကြီးကလည်း
မျှော်လေတိုင်းဝေး ဖြစ်မလာသေး
သားမောင်ရည်မှန်း ဖြစ်အောင်တော့
လှမ်းကြည့်ချင်သေးတယ် မေမေ
အမေကျော်ပြီး ဒွေးတော်မလွမ်းရပါဘူး
ကိုယ့်နိင်ငံ ကိုယ့်ရေမြေမှာ
ဘယ်သူမနေ ချင်ပါမလည်း
အလှမ်းကြယ် အလယ်မလတ်ပါဘူး
သွားသတိ လာသတိလေးတွေနဲ့
အရာရာကို အသိတရားတွေ
ထားနေပါတယ် မေမေရယ် _/|\_

အမေအိမ်နဲ့ အမေရင်ခွင်နန်းသို့
မဝေးသောတစ်နေ့ သားပြန်လာခဲ့ပါမယ်
ခုများတော့လေ အဝေးရောက်သားကို
ခွင့်လွတ်ပေးပါ မေမေရယ်_/|\_ _/|\_ 



No comments:

Post a Comment