ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, June 19, 2013

╰⊰✿´မောင်လေတစ်ယောက်ထဲပါ လှိုင်╰⊰✿´

မှိုင်းလို့ရီမှောင် အနောက်တောင်ဝယ်
ဝလာဗွေစိုင်း အုံးကာမှိုင်းတော့
ရှစ်ခွင်တံတိုင်း ရင်ခွင်တိုင်းမယ်
မျက်ဝန်းရည်ညို့ မျက်ရည်စို့မှ
လွမ်းဖို့သက်သက် ရက်စက်လို့ထား
ချစ်တက်ခဲ့ပါသလား လှိုင် ♥* ♥♥

ဝါဆိုဝဿန် မိုးစက်တွေကြား
ထားခဲ့မေတ္တာ မပျက်သစ္စာ
နှောင်းကမ္ဘာထိ မြဲခဲ့မှာလို့
ဘဝကိုပုံ "နင့်"တစ်ယောက်မှ
အရမ်းချစ်မိခဲ့တယ် လှိုင် ♥* ♥♥

အိမ်မက်လေလား ဝိုးတဝါးနဲ့
မက်ခဲ့ရတဲ့ အိမ်မက်တွေက
မိုးခြိမ့်သံလား လျှပ်ပြက်သံလား
ရင်မှာယုံမှတ် ရူးမတက်နဲ့
ခဏလေးသာ ပျောက်ကွယ်လို့သွား
ဟား ပင်တိုက်နေမလား လှိုင် ♥* ♥♥

ရာဇဝင်မှာ ကြမ္မာသင့်တော့
ခေါင်းရမ်းပန်းတို့ ကြွေသောအချိန်
နှလုံးသားက နာကျင်ပါရဲ့
အမုန်းဒဏ်ချက် ဆုံးရန်ဖတ်မို့
ပြုံးလျှက်သာခံပေးမယ် လှိုင် ♥* ♥♥

မိုးစက်များကို "နင်"မေ့နေရဲ့
ချစ်ရစ်ခဲ့လည်း မမေ့ရက်သူ
မောင့်လိုလူက ဆွေးပူနေလည်း
"နင်"မသိတော့ မချိရင်မှ
သောကတွေဝေ မျက်ရည်ကြွေလဲ
မောင် လေတစ်ယောက်ထဲပါ လှိုင် ♥* ♥♥
 

No comments:

Post a Comment