ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, June 7, 2013

╰⊰✿´မောင့် အချစ် ဈာပန ╰⊰✿´

အပြစ်တွေ့လို့ အထင်မှာခဲ့ခြင်းလားသစ္စာမဲ့လို့ ရှောင်ခွာပြေးခြင်းလား
အဖြေက ဘာများလည်းကွယ် ~~~

နုံးချိချိ ဒီအသည်းနဲ့
ဘယ်လိုနေ ဘယ်လိုဖြေရမှာပ
နားနဲ့မနာ ဖဝါးနဲ့နာလို့
အချစ်သေမှဝင်စားတဲ့
ကဗျာလေးတွေကိုတော့
နာစဉ်ပေးအုံး အချစ်ဆုံးရေ ...

အသစ်ရှာဖို့ မဆိုထားနဲ့လေ
ဒီရင်မှာ ဒဏ်ရာများရယ်က
အမြစ်တွယ်လို့ အင်အားကနဲ့
ကြွေလုလု အသည်းတွေနဲ့ပါ
အပြစ်ရှာကာ မငြိုညင်တော့ပါဘူး
နှလုံးသားက အချစ်တွေအားလုံး
ချစ် တစ်ယောက်အတွက်သာ
ထား ထား ခဲ့ပါပြီ လေ !!!

အချစ်မရှိတော့ ဟစ်ကာသာငို
အရူးတစ်ယောက်လိုပါလေ
အများသူငှာတွေက ဒီရင်ထဲက
အမှန်ဖြစ်တဲ့အချစ်ကိုမှ မသိကြလေတော့
အနှစ်ကိုမဝေခွဲ အပြစ်ဆိုနေကြဆဲ
ကြေကွဲပါဘိ မရွှင်အသည်းနာ
ရင်ခွဲသာ ပြလိုက်စမ်းချင်ပါရဲ့
ဧည့်သည်ဆန်တဲ့ မောင့်ချစ်သူရယ် ♥♥♥

ဘဝဘဝက ဖြစ်တည်လာသော
အတုအပမပါတဲ့ အချစ်တွေနဲ့
အလှအပပါသော မေတ္တာတွေ့ကို
ပေါင်းစုကာ ပြုရင်းနောက်ဆုံး
မောင့် အချစ် ဈာပနမှာလေ
ဆုတောင်းမှုတွေ ပြုခဲ့ပါမယ်
ချစ် ခြွေလို့ ကြွေတဲ့အသည်းနဲ့
ချစ် ပေးခဲ့တဲ့ ရက်စက်ခြင်းတွေရယ်
ချစ် ထားခဲ့တဲ့ အမုန်းတရားတွေရယ်ကို
နှလုံးသားကြွေရင်လည်း ကြွေပါစေတော့
ချစ် ပျော်ရွှင်မယ်ဆို ထားရစ်ခဲ့မယ်
တစ်ခုလေးတော့ ကူညီပေးနော်
မာယာမပါတဲ့ နှလုံးသားနဲ့
ကြေးစည်သံ လှိုင်လှိုင်ထုလို့
အမျှလေးတော့ ဝေပေးပါလား
တစ်သက်မမုန်းမဲ့ အချစ်ဆုံးရယ် ^!^

 

No comments:

Post a Comment