ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, June 26, 2013

မောင် နှင့် မေ


မောင် နှင့် မေ
**********


မောင်
ထယောင်မှိုင်ငေး
အတွေးလေလူး
ဟိုသည်မြူးလို့ ရူးများရူးလား
မသိပါ မောင် ....

မေ
အတွေးပွေနှောက်
ဗျာပါမချောက်နဲ့
တစ်မိုးအောက်မှာ တစ်ယောက်ထဲ
မဖောက်လွဲလို့ ချစ်တယ် မေ ...

မောင်
မွန်းကြပ်ရွှေဘဝင်
စားမဝင်ခဲ့
ဘဝင်တုန်နွမ်း ရင်ခုန်ကျွမ်းလို့
အရမ်းလွမ်းတယ် မောင် ....

မေ
တစ်ဘဝအရေး
ခဏဝေးလို့
အားငယ်သလား နားလည်ထားနော်
ထာဝရအဖော်ဆိုပြီးတော့လေ....

မောင်
နာရီအုံးမောင်း
အချိန်းတွေပြောင်းလို့
မောင့် မေတ္တာတွေ ပြောင်းမှာလားကွယ်
စဉ်းစားလိုပင် အိပ်မရတယ် ....

မေ 
ရာသီရဟတ်
တစ်ပတ်လေစေ
ဆောင်းနွေမိုးပြောင်း မဟောင်းမပြစ်
အချစ်စစ်မို့ နှောင်းကမ္ဘာထိ
       မောင့် သစ္စာတို့ တည်ပြမယ် ....
 

No comments:

Post a Comment