ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, June 11, 2013

သူ့ခေါင်းမှာ ပန်းတွေကဖွေး



လွမ်းမလောက်လို့ 
ဟော ဟိုမှာကွယ်
လူ တစ်ယောက်က
အ ဖော် မ ပါ 
တစ်ယောက်ထဲနဲ့
ပန်းကောက်သူရယ်
နင် မပါလေတော့ 
မျက်ဝန်းရည်ညို့ 
အော် မျက်ရည်စို့ ...

ကိုယ်တိုင်ရယ်လေ
ကောက်ခဲ့ပါလို့ 
ပန်စေချင်ဖွယ် 
နင့် ခေါင်းမှာပေါ့ 
ရည်စူးကာ လှမ်းခဲ့မိ
နင့် ဘေးဝယ်ရောက်ပါတော့ 
နင့် ခေါင်းမှာရယ်
ပန်းတွေကဖွေး 
ခပ်တွေးတွေးလေး ငေး
ဘာကြောင့်လည်းလို့ မမေး

No comments:

Post a Comment