ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, June 11, 2013

^!^ ပျော်ပါစေ ချစ်သူရေ ^!^

အရေးတော်ပြီး အတွေးချော်တဲ့
မကြင်နာသူ ငါ့ ချစ်သူရေ ...

သမုဒယကြောင့် သစ္စာတည်တော့
အချစ်နဲ့မနုဿ ဩော် ချစ်မိတဲ့ဒုက္ခ
အမှားအမှန်ဝေခွဲ စဉ်းစားဆဲမှာ
ဒွိဟဆိုတဲ့ စိတ်အရိုင်းက
ရောယှက်ကာ တွေဝေနေစဲပါလား ...

သံယောဇဉ်ကြီးတဲ့ ငါ့ လိုလူကိုမှ
အချစ်တံခါးခေါက်ခါ ဝင်ရောက်လာပြီး
ရက်စက်လမ်းခွဲ ထားရစ်ခဲ့တော့
ဒဏ်ရာတွေ ဗလာပွနဲ့
ငါ့ နှလုံးသားနုနုလေးက
ဘယ်မှာလာလို့ ဖြေနိင်ပါအုံးမလည်း
ပိုချစ်သူသာ ခံစားရတာ
ဓမ္မတာမို့ အိမ်မက်လေးလား
ဝိုးတစ်ဝါးနဲ့ ခုထိတော့
အရိပ်လို နှိပ်စက်နေတုန်းပါလေ .....

ခုများဆို အစဉ်ဝေးမှာမို့
နင် ကတော့ အဖော်သစ်တွေနဲ့
ပျော်ရစ်ကာ နေပါတော့လေ
ငါ မပါ ဘဝခရီးတစ်လျှောက်မှာ
ကြင်နာသူ ငါ့ သက်ထားရယ်က
တူယှဉ်ကာ နောက်တစ်ယောက်နဲ့
လှမ်းလျှောက်တော့မည်ပေါ့
မရွှင်အသည်းနာ ကျန်ခဲ့သူရယ်က
ရင်ကွဲ့တာတွေ မပြောတော့ပါဘူး
မယာမပါတဲ့ ငါ့ အချစ်တွေကို
သိကြားစေ သက်သေညွှန်းလို့
ကံကြမ္မာနည်းတဲ့ ဒီသံသရာထဲမှာ
နင့် လိုလူမျိုးနဲ့ ထပ်မတွေ့ပါရစေနဲ့တော့
နင် သွားမယ့် လမ်းတစ်လျှောက်မှာဖြင့်
ငါ့ လိုလေ အလွမ်းမိုးပေါက်တွေ
ဘယ်အခါမှ မကျရောက်အောင်
နင် ပျော်နိင်စေ တောင်းဆုချွေရင်း
အရူံးများနှင့် လူသားရယ်က
နင့်အတွက်ကို နှလုံးသားလေး
လှူဒါန်းသွားခဲ့ပြီပေါ့ လေ .....


No comments:

Post a Comment