ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, June 21, 2013

╰⊰✿´ ဘယ်ပန်းလဲကွယ် ချစ်သူရယ် ╰⊰✿´


╰⊰✿´ ╰⊰✿´ ╰⊰✿´ ╰⊰✿´ ╰⊰✿´ 

သခင့်မျက်နှာကို ကဗျာလိုဖတ်၍
ပန်းဖြင့်တင်စား ပန်းအများဖြင့်
ဘယ်ပန်းလဲလို့ မေးချင်မိသည်
ချစ်တဲ့သူရယ် ဖြေစေဖွယ်╰⊰✿´ 

အခေါင်မြင့်ဖျား ဝတိံဘုံကြားက
အသူရာသကြား နတ်အများတို့
စောင့်ကြပ်ရိုသေ အဖိုးထိုက်ပေတဲ့
ကသစ်ပန်းလားကွယ် ချစ်သူရယ်╰⊰✿´ 

ဝသုန်မြေထု အကြောင်းပြုကာ
ယမမင်းရယ် ငရဲသားတို့
အလွန်နှစ်ကြိုက် ဝမ်းနည်းထိုက်တဲ့
သခွပ်ပန်းလားကွယ် ချစ်သူရယ်╰⊰✿´ 

ဟိမဝိန္တာရယ် တောမည်းမည်းဝယ်
ရက္ခ ဂုမ္မာန် ဘီလူး စောင့်ကြပ်
ရှာဖွေသူပန်း မွှေးထုံလျမ်းတဲ့
မြဉ္ဇူသကပန်းလားကွယ် ချစ်သူရယ်╰⊰✿´ 

စိမ်ကြီးဂနိင် မြေနှင့်ရက်ဖက်
နန်းထိုက်တော်ဝင် ပန်းများဘုရင်
ခက်လက်စိမ်းမြ မိုးမခတဲ့
ပန်းသဇင်လားကွယ် ချစ်သူရယ်╰⊰✿´ 

လေဆန်တိုင်းမွှေး ပွင့်ရင်လည်းမွှေး
ဝေရင်လည်းမွှေး ကြွေလည်းမွှေးသော
သွားလေရာကို ရနံ့ပေးတဲ့
ပန်းခရေလားကွယ် ချစ်သူရယ်╰⊰✿´ 

တည်ကြည်မဖောက် နောက်တစ်ယောက်နှင့်
ပွင့် ပြီးလည်းသေ သီး ပြီးသေသော
တစ်သက်တစ်ခါ သစ္စာကြီးမား
ပေပွင့်ပန်းလားကွယ် ချစ်သူရယ်╰⊰✿´ 

ပန်းများသခင် မောင့်သခင်ရေ
ပန်းများလည်းစုံ အလှဂုဏ်ပေါ့
တစ်ခုလေးတော့ မေးချင်သေးတယ်
ဝိဇ္ဇာ ဇော်ဂျီ တပသီ တွေက
မြူးထူးပျော်ပါး ဆော့လို့ကစား
နှစ်ပါးသားကြင် အများမြင်မသင့်တဲ့
သူယောင်မယ်ပန်း 
အို 
ဘယ်ပန်းလဲကွယ် ချစ်သူရယ်╰⊰✿´
 
  

No comments:

Post a Comment