
ငါ့ ကိုမချစ်တဲ့ ငါ့ ချစ်သူရေ
ကျွမ်းမျက်ကွေ့ကွင်း ဆင်းရဲခြင်းကြောင့်
ငါ့ ရင်တွင်းမှာ နေဆယ်စင်းလို
ပူလောင်လှမို့ ကဗျာတစ်ပုဒ်နဲ့
စာလင်္ကာတွေ ထုတ်မိအုံးမယ်
နားနဲ့မနာ နှလုံးသားနဲ့နာလို့
နားစဉ်အုံးလေ ငါ့မချစ်တဲ့သူရေ .......
နင့် ဘဝထဲကို ဝင်လာမိတဲ့ ငါ က
ချစ်ခြင်းမေတ္တာ အစစ်တွေနဲ့ပါ
ဝ မရှိပဲ ဝိ မလုပ်ခဲ့သလို
မတော်မတရားဥာဏ်နဲ့
ပျော်ပါးအောင်လို့ အနားကပ်ခဲ့တာမှ
မဟုတ်ခဲ့တာလေ ရိုးသားစွာချင်းကပ်
နင့် ကိုသာ သခင်မအမှတ်နဲ့ပေါ့ ......
နင် မကြင်နာလို့ တမင်ခွာရင်
အစကတည်းက ဝင်မလာနဲ့လေ
မာယာတွေနဲ့လာ ခုတော့
ဒီကောင်က ရင်ခွင်ဗလာပါဟာ
စုတ်ရင်လည်းဆူး စားရင်လည်းရူး
နေမြင့်လေ အရူးရင့်လေနဲ့
ငါ ကပဲ သစ္စာတွေ ဖောက်ခဲ့လို့လား
အချစ်တွေပဲ ကြီးခဲ့လို့လား
(ဘာကြောင့်များလည်းကွယ်)
သစ္စာမရှိဘူး အကြောင်းတွေပြ
ဩော် နောက်တော့မှ သိခဲ့ရ
သစ္စာမရှိတာက နင်လား ငါလား
ခုချိန်ထိ မပျက်ယွင်းသေးဘူးလေ
ငါ့ အချစ်နဲ့ ငါ့ သစ္စာတွေကပေါ့
စကားနာတွေနဲ့ ငါ ထိုးပြမနေချင်တော့ဘူး
ကဋေကုဋာ မာယာတွေအလွှာချလို့
အဝေးဆုံးသို့သာ သွားပါတော့ဟာ
ကံကြမ္မာနည်းတဲ့ သံသရာထဲမှာ
နင် လို့ချစ်တာသိပြီး သစ္စာမရှိသူနဲ့
မကြုံပါရ မဆုံပါရစေနဲ့တော့လေ
ဝဋ်ဆိုတာက လည်စမြဲမို့
ငါ့ မပါ နင်တို့ ဘဝခရီးကို
ဆုတွေတော့ တောင်းပေးမယ်
နင်တို့ လျှောက်သောလမ်းတွေ
ဘယ်အခါမှ မကြမ်းပါစေနဲ့လို့
နူတ်ဆက်ချွေရင်း .........
No comments:
Post a Comment