********
ညီမလေးရေ
အကို့ ရဲ့ညများ
ညီမ ဖမ်းစားလို့
ဝင်လာတာလားကွယ် ညီမလေးရယ် ..
ညီမလေးရေ
ညများစွာရဲ့
အကို့ ကမ္ဘာမှာ
လ မသာတာ ကြာပေါ့
ဒဏ်ရန်များနှင့် လူမို့လေ
မကြင်နာလို့ တစ်မင်ခွာမယ်ဆို
ဝင်မလာပါနဲ့နော် ညီမလေးရယ် .....
ညီမလေးရေ
အချစ်ဆိုတာကြီးက
အကို့ အတွက်ခါးတယ်
ခဲမှန်ဘူးတဲ့ စာသူငယ်လို့
ချစ်ရမှာလည်း ကြောက်နေသူပေါ့
တစ်ကယ်လို့လေ ညီမလေးကများ
အကြင်နာစစ်နဲ့ ချစ်ဖို့တွက်များဆို
ပေးဆပ်ကြည်ဖြူ နှလုံးသားလှူမယ်
ချစ်သောညီမ မနက်ဖြန်တိုင်းမှာပျော်ရမည်

No comments:
Post a Comment