ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, June 11, 2013

တောင်းဆုချွေရင်း လွမ်းနေသံ

ကောင်းကင်က ကြယ် လှမ်းလင့်မယ်ရွယ်တော့ 
တိမ်မည်ကြီးတွေ တားတယ် 
အခြေသတင်းကြီးတဲ့ ရွှေမင်းသမီးမို့
ငါလို့ အညတရက အချစ်ကြီးလဲ
နှီးဖို့ဆိုတာ မလွယ် အိုကွယ်
အာဏာပါးကွက်သားရယ်
ဘုရင့် အမိန်တော်မကျလဲ
ငါကိုယ်တိုင်းပဲ သေမိန်ပေးလိုက်တော့မယ်
အချစ်တွေ အားလုံး ခုတ်ဖြတ်လိုက်ပါတော့……
(ပုံရိပ်ချို)


တစ်ဘဝ မဝေးချင်ပါဘူးလေ
ထားခဲ့ကတိ တွယ်ညှိတဲ့သစ္စာ
နင်မကြင်နာလို့ ရင်ခွာကမ္ဘာကို
ခွာခဲ့ပြီပေါ့ မရွှင်အသည်းနာသူမို့ရယ်
ရင်ကွဲတာတော့ မပြောတော့ပါဘူး
သုဘဒ္ဒါအသည်း နှစ်ခါကွဲသလို
နင် မကွဲပါစေနဲ့ တောင်းဆုချွေရင်း ......

(ချစ်ရသူလှိုင်မင်း)

နှောင်းအတိတ် လွမ်းစိတ်က
လက်တို့တော့ မျက်ရည်တွေ
စို့ပါပေါ့လား ထားခဲ့သူအသည်း
မာနိုင်ပေမဟ့်လဲ ကျန်ခဲ့သူ
အသည်း ဖြေမဆည် လွဲပေါ့
နာကျင်ရတာလဲ ကင်ဝန်း ပုဏ္ဏာလိုပါပဲ
အမာရွက်မြင်တိုင်း သတိရစိတ်က
အရင်အတိုင်းပါပဲလေ

(ပုံရိပ်ချို)


အသွင်လေးက ယဉ်ကျေးသလိုနဲ့
ဂျင် ကလေးလို လည်နေပါလားကွယ်
ဂျင် ဆိုရင် အရှိန်တော့ မကုန်စေနဲ့နော်
နင့် ကို ကိုင်မြှောက် ပေါက်လိုက်မယ့်အား
နင် ကြာ ကြာ ခံနိင်ပါမလား ဂျင် မလေးရယ်
ငြူစူကာ အပြစ်မပြောတော့ပါဘူးလေ
ထားရနေ စေရာသွားသူမို့
နင့် ဘဝလမ်း မကျမ်းပါစေနဲ့လို့
ဆုတွေချွေရင်း.......


 

No comments:

Post a Comment