ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, June 16, 2013

♥နှောင်းတစ်ညရဲ့ ဆောင်းအလှသို့♥


 
စာသမမီ ၊ လရာသီမို့
ညွှန်းဝေဖွဲ့သီ ၊ ကဗျာစီတော့
ရင်မှာလွမ်းလို့ကျွမ်းတော့မည်♥♥

မြူမှုံဖွေးဖွေး ၊ ချမ်းမြအေးသည့် 
မြှောက်ပြန်လေကူး ၊ ဤဆောင်းဦးဝယ်
စိတ်ဝယ်နွမ်းလျလွမ်းရပြီ♥♥

နှင်းပွင့်ရယ်ဝေ ၊ ဟေမာန်ဆောင်းဦး
ညချမ်းဦးဝယ် ၊ ချမ်းမြခိုက်တုန်
ခိုက်ခိုက်တုန်လို့နေပြီပေါ့♥♥

သဏ္ဍန်တူလှ ၊ ရွှန်းဝေမြသည့် 
သည်းဆိုင်ညှာဖူး အချစ်ဦးသို့ 
ရော်ရီမှန်းကာတမ်းတပြီ♥♥

နှလုံးသားမှာ ၊ ချစ်ရိပ်နွယ်ကာ
တွယ်တာဖြစ်တည် ၊ အချစ်မည်၏
တစ်သက်ဘယ်ခါမေ့မည်နည်း♥♥

မဟောင်းသစ္စာ ၊ ဆောင်းမေတ္တာက
ရင်မှာတည်လို့ ၊ မပျက်ခဲ့တော့
ဒီမောင်ဘယ်မှာမုန်းမည်နည်း♥

နှင်းပွင့်ဝေစီ ၊ ပွင့်ဖူးစုံညီ
ရှိကြလေသည့် ၊ဆောင်းတစ်ညမှာ
ပုန်းညက်ခိုင်ပင် ၊ သဇင်ဇလပ်
ခူးကာပေးခဲ့ ၊ သူအတွက်ကို
ခေါင်းမှာလေကွယ် ၊ ပန်ဆင်ပြတော့
အသည်းခိုက်အောင်သူကလှ♥♥
မေ့မရတဲ့ဆောင်းတစ်ည♥♥ 

No comments:

Post a Comment