ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, June 26, 2013

♥ကို♥


♥ကို♥
*******

မမြင်ရဘူး ရင်သို့ဆူးလို့
အရမ်းချစ်မိပြီ "ကို".....

ငှက်တစ်ကယ်နှယ် ခိုးနားဖို့ရာ
ရင်မှာအသိ ရှိနေပြီဟု
စိတ်ဝယ်စွဲမှတ် ချစ်တက်ခဲ့ပါပြီ "ကို" ....

မြက်တစ်ပင်လို တိခနဲရယ်
ဖြတ်လွယ်ပြတ်လွယ် တွယ်တာမရစ်
အမျှင်မရှိ ရတိပြတ်လည်း
နေလို့မရတော့ပါလား "ကို" ....

ကြာတစ်ရိုးလို အမျှင်တွဲနှင့်
ခွဲခွာဖယ်ခက် မစွန့်ရက်တဲ့
သံယောဇဉ်က တိုးတိုးရစ်လို့
အသက်တမျှပင် ချစ်မိပါ၏ "ကို" ....

"ကို" မှ "ကို" ဆိုတဲ့ အချစ်နဲ့
သမုဒယ ဆိုတဲ့ "အမြစ်" က
နှစ်ရှည်လကြာ ရာသီများစွာ
ဘယ်သူလာလို့ ဖြတ်မလည်း ကို .....

ဒါကြောင့် ကို ရေ 
နှလုံးသားရဲ့ အချစ်အိမ်မှာ
သောကအလွမ်းတို့ ပြေရအောင်လေ
ရင်ခွင်နန်းသို့ လှမ်း လှမ်း လို့
      လာပါတော့လား ကိုရယ် ......
 
  

No comments:

Post a Comment