ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, June 7, 2013

>>> ပြန်မလာနဲ့တော့ မာယာ >>>

"နင်"မကြင်နာတာတွေ များနေလို့
ရင်ခွင်ဗလာ "ငါ့"နှလုံးသားမှာ
"နင့်"အတွက်တော့ အဆိပ်တွေသာ
ဖြစ်ခဲ့ရပြီ မာယာရေ >>>

ယစ်ချိုရည် ဝိုင်တစ်ခွက်လို
ချိုမြိန်စွာ သောက်သုံးတက်သူ "နင့်"ကိုမှ
တန်ဖိုးထားလို့ ချစ်ခဲ့မိသူ
အယုံလွယ်သူ "ငါ့"ကိုယ်"ငါ"ပဲ
ရင်နာမိတယ် မာယာရယ် >>>

အပုတ်ကောင်ခြင်း အတူတူကိုမှ
မာယာတွေနဲ့ သရုပ်မဆောင်နဲ့လေ
"နင့်"လုပ်ရပ်နဲ့ "နင့်"ဇတ်ရုပ်တွေက
တစ်ကယ်အဟုတ်မှ မဟုတ်ခဲ့တာ
"နင့်"ရာဇဝင်မှာ စာတင်ပြီးမကျန်ရအောင်
"နင့်"သမိုင်းကိုယ် "နင်"မရိုင်းအောင်ပဲ
ဆေးရောင်ဆုံတွေနဲ့ ချယ်ပေတော့ မာယာရေ >>>

အချစ်ဆိုတဲ့ တန်ဖိုးရှိတဲ့အရာကိုမှ
အရုပ်တစ်ရုပ်နှယ် ကုန်စည်သဖွယ်
သဘောထားတက်တဲ့ "နင့်"အတွက်
"ငါ့"နှလုံးသားက ရောင်းကုန်မှ မဟုတ်တာ
ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ရအောင်
"နင့်"အတွက် နေရာတစ်ခုတော့ရှိတယ်ဟ
ဈေးပေါနေတဲ့ "နင့်"အချစ်တွေကို
အခွန်လွတ်ဈေးမှာ သွားရောင်းလိုက်နော်
၁၅၀၀ ဆိုပြီးတော့ မအော်လိုက်လေနဲ့
ဈေးတွေ အရမ်းကြီးနေတယ် မာယာ >>>

ဥာဏ်မွဲသူ "နင့်"အတွက်ကို
"ငါ"ဆုတွေတော့ တောင်းပေးအုံးမယ်
"နင်"သွားမဲ့ လမ်းတစ်လျှောက်မှာ
ဘယ်တော့မှ ဒုက္ခပင်လယ်မဝေပါစေနဲ့လေ
ရင်ခွင်ဟောင်းကို ပြန်ခိုလှုံဖို့တော့
ယောင်လို့တောင် မစဉ်းစားလိုက်နဲ့
"ငါ့"နှလုံးသားမှာ "မီး"နီသွားပြီဟ
လူကူး မျဉ်းကြားလို ပြန်မစိမ်းနိင်တာတော့
ခွင့်လွတ်ပါ မာယာ ရုံခါနေပြီမို့
"ငါ"ကတော့"နင့်"ကို တာ့တာ့ပါခင်ဗျာ >>>

 

No comments:

Post a Comment