ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Sunday, June 2, 2013

~ အ ကြွေ ပန်း ~


အကြွေပန်းကလေးရေ ..
ပန်းလိုပဲကြွေ ဘဝကံခေရင်း
အသိတွေမွဲ တစ်ယူအလွဲနဲ့
ဖြစ်ချင်ရာဖြစ် စိတ်ကိုယ်နှစ်လို့
လောကကြီးကို အရွဲမတိုက်နဲ့လေ
ဘဝဆိုတာက ခဏတာပါ
အလှဆိုတာ မတည်မြဲမို့
ဆန်းထပေမယ့် နန်းများကြရင်
အကြွေပန်းကို ဘယ်သူကများ
တရိုက်မက်မက် နမ်းချင်ပါမလည်း
ပန်း က လေး ရယ် ~~~

အကြွေပန်းကလေးရေ ....
ရွှေနန်းတော့ ထိုက်ချင်ပါရဲ့
ပိုးကိုက်တဲ့ပန်း မနမ်းထိုက်တဲ့ပန်း
ထို ထို ပန်း ကလေးကိုမှ
အဖိုးထိုက်အောင် နမ်းခဲ့ပေမယ့်
နင် မကြင်နာ ငါ့ ရင်ခွင်နန်းဆီက
သူ သူ ငါ နှလုံးသားဆီသို့
ကူး ကူး လို့ပင် သွားခဲ့လေတော့
ယောက်ကျားများရဲ့ ရင်ခွင်ကို
ဖဲမွေ့ယာ နင် ထင်နေသလား
ရာဂအမှောင်ဖုံး အပူတစ်က
တဏှာအဆုံးမှာ နင့် ဘဝကို
မဆုံးစေချင်တာ ငါ့ စေတနာမို့
ကြွေချင်သလိုကြွေ လွင့်ချင်သလိုလွင့်
လူတစ်ကာတွေ အထင်သေး
သွားလေရာရနံ့ပေး ငါဟာလေ
ခရေလေးဆိုတာတော့ မမေ့နဲ့ပေါ့
ပန်း က လေး ရယ် ~~~
 

No comments:

Post a Comment