ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, June 19, 2013

နောင်တတွေမရစေချင်ဘူး

 
----------------------------


မလိမ် နဲ့မဟုတ်ဘူး လိမ် ပါ

မညာ နဲ့ မဟုတ်ဘူး ညာ ပါ

ဒါပေမယ့် ကောင်မလေးရယ်

ကစားစရာလည်းမဟုတ်

လိမ်စရာ ညာစရာလည်းမဟုတ်တဲ့

အချစ်ကိုမှ တန်ဖိုးမထား

ဆော့ ကစားကြတာတော့

မဟုတ်သေးဘူး ထင်တယ်နော်

ဝဋ်ဆိုတာ လည်စမြဲမို့

တစ်သက်တာ ထာဝရတွေနဲ့

တစ်ဘဝစာ နှောင်းနောင်တတွေ

မရစေချင်ပါဘူး ကောင်မလေးရယ်

No comments:

Post a Comment