ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, June 7, 2013

♪!♥!♪ ချစ် ဒု က္ခ ♪!♥!♪

ဩော် ~~~
အချစ်ဆုံးရေ ဖြစ်တည်နေဆဲ
လောကထဲဝယ် ဒီခန္ဓာနှင့်
အမှားလည်းမရှိ သစ္စာရှိစွာ
မေတ္တာများဖြင့် ချစ်ခဲ့ပေမယ့်
သမုဒယဆိုတဲ့ သစ္စာတွေက
အနိစ္စဆိုတဲ့ မမြဲခြင်းတွေကို
"နင်"နဲ့တွေ့မှ ပို ပိုလို့သာ
သိခဲ့ပါပြီ ယုံခဲ့ပါပြီလေ !♥!

သမုဒယကြောင့် ဖြစ်တည်လာတဲ့
ချစ်မေတ္တာနဲ့ ကြင်နာသစ္စာတွေက
နှလုံးသားတွင် သဌ္ဓေတည်လို့
အချစ်နဲ့မနုဿ ချစ်မိတဲ့ဒုက္ခကလေ
အချစ်မီးစာလို တဏှာ ဆီ ဝလို့
တမြည့်မြည့်နှင့် နှောင်းထုံးကျစ်ရင်း
တငွေ့ငွေ့လောင်မဆုံး ခဲ့ပါဘူး !♥!

တရားသဘောတွေ သိကာနေလည်း
သူတော်စင်မှ မဟုတ်သေးတာလေ
ဘယ်မှာလာလို့ ခံနိင်ရည်ရှိပါမလည်း
လောကိ ထဲက လူသားပေမို့
"နင်"မှ"နင်"ပဲ "နင်"မှပဲအနှစ်
"နင်"ကိုယ်သာ လူတစ်ကာထက်
ချစ်မိခဲ့တာလေ သံသရာထဲက
သမုဒယရမ္မက် အချစ်မီးခွက်နှယ်
"နင်"မာယာ ညွှတ်ကွင်းမှာမှ
မလွတ်ကင်းနိင်သေးတော့
"ငါ့"မာန နဲ့ "ငါ့"ဘဝ တွေ
"နင့်"တစ်ယောက်ထဲအတွက်
ကျဆုံးခဲ့တာကိုတော့ "နင်"မသိတာ
"ငါ"ရင်နာမိတယ် ချစ်သူရယ် ~~~

 

No comments:

Post a Comment