ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Wednesday, June 26, 2013

%! ဩော် ခေတ် ခေတ် !%


မပေါ်တစ်ပေါ် ထုတ်ဖော်ကာဝတ်
အော် ကျက်သရည် ရှိတဲ့ ခေတ် ....

ကိုယ်ထက်သာ မနာလိုတွေးလို့ရယ်
ယုတ်မာအကြည့်နဲ့ "ငါ" မှ" ငါ"ပဲ
" ငါ့ဆွေ" ငါ့မျိုး" "ငါ့သား" "ငါ့သမီး"
" ငါ့မြေး"မကျန် ငါ ငါ ငါ ငါ
"ငါ" ဆိုတဲ့ "အတ္တ"တွေ ကြီးဆိုးတဲ့ ခေတ် ....

"တိုက်"ပေး"ကား"ပေး မယားငယ်ရရေး
တဏှာအတွေးနဲ့ သစ္စာမရှိတော့တဲ့ ခေတ်......

" ဝ"မရှိပဲ" ဝိ"လုပ် ဆန်မရှိပဲ စောက်စားကြီး
မဟုတ်မမှန် လုပ်ကြံဇတ်တွေနဲ့
မသူတော်တွေ ပေါသော ခေတ် ...

အချစ်ကိုမှ တန်ဖိုးမထား
အတုအစစ် ကာလာချယ်လို့
မာယာ တွေပေါသော ခေတ်.....

" အမှား"ကို"အမှန်"မြင် "အမှန်"ကို"အမှား"မြင်လို့
အမြင်ကျဉ်းမြောင်းသော ခေတ်.....

အလှမ်းကျယ် အလယ်လတ်ပါလို့
" ငွေ" နောက်ကိုလိုက် ဘဝလည်းဆုံး
လူညွှန့်ပါတုန်း "မိန်းမရွှင်"ပေါတဲ့ ခေတ်....

"ဘုရား" လည်းမသိ "တရား" လည်းမရှိ
အလိုတော်ရိတွေ ကျက်စားတဲ့ ခေတ် ...

ဒါလားဗျာ ခင်ဗျားတို့ ကျွန်တော်တို့
ပြောပြောနေတဲ့ ခေတ် ကြီးကလေ
ထွီ 
ရွံဖွယ်ကောင်းပ ရှက်ဖို့ကောင်းလှ
အဲတာတွေ တွေးတွေးပြီး
စိတ် ပုတီးနဲ့ ရိပ်ကြီးပဲ ခိုရမလိုလို
ခဏလေးဗျာ ဆိုပြီး
ကျုပ်ကတော့ ခေတ် ကို နောက်တစ်ကြိမ်
စားသုံးဖို့ စဉ်းစားနေတုန်းဗျာ ..... 

No comments:

Post a Comment