ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Tuesday, June 11, 2013

*^* ဆုတောင်းမျက်ရည် *^*


 မခူးဆွတ်ထိုက်တဲ့ မေတ္တာပန်းရယ်
နန်းများထိုက်လို့ မပန်ထိုက်ဘူးဆို
"နင်" "ငါ့"ရင်ခွင်ကမ္ဘာကို
မလာပါနဲ့လားကွယ် ...

တစ်မိုးအောက်မှာ မဖောက်လွဲလို့
"နင့်"ကိုသာရည်ရွယ်ပြီး ချစ်ခဲ့မိသူကိုမှ
အပြစ်ဆိုတာမသိ သစ္စာတွေသာ"နင်"အပေါ်ရှိပြီး
ဖြေရှင်းချက်ဆိုတာ မရရှိခဲ့တဲ့
"ငါ့" အမှားအယွင်းတွေက ဘာများလည်းကွယ် ....

"ငါ့"အချစ်တွေကို တိုးလို့ချည်နေဆဲမှာ
"နင့်"ဘက်က ကြိုးကမခိုင်မြဲတော့
ရှောင်ဖယ်ကျောခိုင်း စွန့်ခွာထွက်ပြေး
နားမလည်နိင်ဘူး ချစ်သူရေ ....

"ငါ"ယုံကြည်မျှော်လင့်စွာ တည်ဆောက်ခဲ့တဲ့
အချစ်အိမ်ကလေးကိုမှ မညှာမတာ
ကျေပျောက်အောင် "နင်"နင်းချေရက်တယ်နော်
ပျော်ပါစေ ချစ်သူရေ
ဘဝတစ်သက်စာ "ငါ့"အတွက်တော့
ဒဏ်ရာဒဏ်ချက်တွေနဲ့ ထားရစ်ခဲ့ပါ
ကြေကွဲစရာ နာကြင်ချင်းများစွာနဲ့
မရွှင်အသဲနာ ရင်သာကွဲပါစေတော့
ချစ်သူ"နင့်"အတွက် ရည်စူးလို့
အပြုံးများနဲ့ ဆုတောင်းပေးမယ်
ပျောက်သောလမ်းမှာ စမ်းတဝါးနဲ့
လျှောက်သောလမ်းမှာ "ငါ့"လိုအဖြစ်မျိုး
မတိုးပါစေနဲ့လို့ ဆုမွန်ချွေရင်း
"ငါ့"ကိုမချစ်တဲ့ "ငါ့"ချစ်သူရေ
"နင့်"ဘဝလေး အစဉ်လှနိင်ပါစေ .....

No comments:

Post a Comment