ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Friday, June 7, 2013

!^! အလွမ်းတွေကြီးပါလား !^!


တစ်ဘဝ အပြစ်ဘွဲ့ပေးလို့
ထာဝရ အချစ်နဲ့ဝေးရသူက
မောင်သာပဲမို့ ကျန်ရစ်တဲ့နှလုံးသားနဲ့
အမုန်းတရားတွေကိုလည်း 
ပွားမနေတော့ပါဘူးလေ ....

ရွှေလည်တိုင် ပျော့ပျော့ပျောင်းနဲ့
မျှော်သာမျှော် ပေါ်မလာလေတော့
ဖြေမစည်နိင် ခွေယိုင်လည်းလို့
မောင့် အသည်းတို့ရယ်က
ကြွေ လု လု ပါ အချစ်ဆုံးရေ ~~~

vzo က ချစ်သူပုံရိပ်တွေက
အရင်လိုပဲ ရှိနေမလားလို့
အိမ်မက်လေလား ဝိုးတစ်ဝါးနဲ့
နေ့စဉ်နေ့တိုင်း မှန်းလို့သာမျှော်
သန်းခေါင်ယံသာကျော် မိုးတွေတောင်
ဩော် လင်း လင်း ခဲ့ ပါ ပြီ နော် ...

သမုဒယ အဆွေးတွေနဲ့
မေတ္တာအချစ်တွေ ငတ်ခဲ့ရသူ
တစ်ယောက်ရယ်မို့ ဒီရင်ထဲကလေ 
သစ်ရွက်ကြွေသံ ချစ်သူခေါ်သံပေါ့
လေတိုးသံကြား ချစ်သူခြေသံလားနဲ့
ဘာသံကြားကြား အထီးကျန်တဲ့
မောင့် အလွမ်းတွေပါတကား ~~~  

No comments:

Post a Comment