ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, June 1, 2013

တစ် ခါ က *****

 
တစ်ခါကလေ
တို့နှစ်ဦးရယ် ချစ်မေတ္တာတွေ
ပိုင်ပိုင်မြဲလို့ နှစ်တစ်ရာတိုင်တိုင်
ဘဝပေး၍ အသက်ပေးလို့ချစ်
မခွဲတူနှစ်ကိုယ် သစ္စာဆိုရင်း
ထားခဲ့ကြ ကတိစကားတွေရယ်က
အတိတ်ညရဲ့ အရိပ်လိုလို
ကြေးမှုံပြင်လေး တစ်ချပ်အလား
ဝိုးတစ်ဝါးနဲ့ ဆေးသားပြယ်ကာ
လွင့်စင်ပျောက်ပျက် ဝေဒနာတွေက
ဒဏ် အ ချက် ချက် .......

တစ်ခါကလေ
တို့နှစ်ဦးရယ် သံယောဇဉ်နဲ့
တွဲလက်တွေကို ခိုင်ခိုင်မြဲလို့
နားလည်မူတွေ ဖလှယ်ကြရင်း
နှစ်ဦးသားရယ် တိုင်တိုင်ပင်ပင်
ပျော်လို့မဆုံး အချစ်ဆုံးတွေပါ
ရေမြေခြားလို့ သွေးလည်းမအေး
မေတ္တာအချစ် သစ္စာရစ်ကာ
မြူမှုံမျှပင် မလျော့ပါပဲ
စိတ္တဇအသည်း အတိတ်ဘဝ
ဘဝတွေတောင် မခွဲဘူးဆိုတဲ့
မောင့် ချစ် သည်း က လေ
ငါးစိမ်းမြင် ငါးကင်ပြစ်ပါလို့
ရေကြည်အနောက် ခြေရာဖျောက်တော့
ပျောက်သောလမ်းမှာ စမ်းတစ်ဝါးနဲ့
လျှောက်သောလမ်းမှာ မပါလေတိုင်း
စိတ်တွေကကွယ် ဂရောင်ခြောက်ခြား
အိပ်ပျက်ရက်ရှည် တွေကများ
ဩော် သူ မရှိတော့ပါတကား ........

No comments:

Post a Comment