ကဗျာချစ်သူအားလုံးကို ကြိုဆိုပါ၏

ကဗျာချစ်သူညီအကိုမောင်နှမအားလုံးကို ကျွန်တော်သီသော ကဗျာလေးများ ကဗျာဘလော့လေးမှ နွေးထွေးစွာကြိုဆိုပါတယ်နော်

Saturday, June 1, 2013

!^-^! နှလုံးသား ဈာပန !^-^!

မင်္ဂလာပါလို့ စာလွှာသပြီး
ညင်သာစွာ ဝင်ရောက်လာတဲ့
အသက်တစ်မျှ ချစ်ရသူရေ
မောင် တို့တတွေ နေ နဲ့ လ လို
မဆုံနိင်ကြ တော့ဘူးပေါ့နော် ....

အကြင်နာမစစ်ရင် ဟိုစဉ်ကတည်းက
မချစ်ပါနဲ့လား မောင့် ချစ်သူရယ်
ခုတော့ ဒီရင်မှာ အနာတရတွေနဲ့
ဝေဒနာတွေ ဗလပွများလို့
ဒဏ်ရာတွေနဲ့သာ ကျန်ခဲ့ရပြီလေ
ဘယ်သူမြင် ဘယ်သူသိနိင်ပါမလည်း
ဒီရင်မှာ နင် တစ်ယောက်ထဲရှိတယ်ဆိုတာ.....

အဖော်မဲ့တဲ့ ခရီးတစ်လျှောက်မှာ
နွမ်းတာတွေ မပျောက်ပေမယ့်
မောင့် ဘဝလမ်းတစ်လျှောက်မှာတော့
ချစ် ရနံ့လေးတွေက ပါနေသေးရဲ့
အပျော်ချစ်ခဲ့တာမှ မဟုတ်တာလေ
ထားခဲ့မည် ချန်ခဲ့မည် ဆိုတော့လည်း
ကံသာလျှင်အမိ ကံသာလျှင်အဖပေါ့
ဘာများတက်နိင်ပါမလည်း ချစ်သူရယ်......

အလွမ်းဗိမာန်မှာ နှလုံးသားစတေးလို့
အချစ်တွေကို မြေမြုတ်တော့မည်လေ
ချစ် သွားမဲ့ လမ်းတစ်လျှောက်မှာ
ဆူးငြောင့်ခလုတ်များ ရှိခဲ့ရင်လေ
မောင့် နှလုံးသားနဲ့ တံတားခင်းပေးမယ်....
သံသာရာရယ် ဒီခရီးမှာလ
အလွမ်းမိုးတွေများ ရွာခဲ့ရင်ပေါ့
မောင့် နှလုံးသားရဲ့ ဝိဥာဉ်ကနေ
ထာ ဝ ရ ထီး မိုး ပေး မယ်.....
ဝမ်းနည်းပူးဆွေး သောကဘေးကြောင့်
ချစ်သူမျက်ရည် ကြွေဆင်းကျရင်
မောင့် နှလုံးသားက ပုဝါလေးအဖြစ်
ကူညီသုတ်ပေး အဖော်ဖြစ်ပေးမယ်.....
ဒုက္ခရောက်လို့ စိတ်ဓါတ်ကျရင်
အားငယ်သလား နားလည်ထားပါလို့
မောင့် နှလုံးသားက စကားပြောပေးမယ်.....

အပျော်တွေစိတ်သုန်း အပြုံးတွေပျောက်ကာ
တစ်ခုလေးပဲ မောင် တောင်းဆိုမည်
အချစ် သစ္စာ မေတ္တာ အကြင်နာ တည်ရင်း
မောင့် နှလုံးသားဈာပန ပွဲသို့
မာယာတွေအစဉ် အလွှာချကာ
နောက်ဆုံး တစ်ခါလောက်တော့
အကြင်နာအချစ်စစ်တွေနဲ့ လာပေးပါလား
မောင့် ကိုယ်မချစ်တဲ့ မောင့် ချစ်သူရယ် ........ 


 

No comments:

Post a Comment